တရုတ်-မြန်မာနယ်စပ်မှာ မြေငလျင်လှုပ်

Saturday, May 24, 2014

မြန်မာနဲ့ တရုတ်နယ်စပ်မှာ ဒီကနေ့ စနေမနက်အစောပိုင်းက အင်အားပြင်း ၅.၆ မဂ္ဂနီကျု အင်အားရှိတဲ့ ငလျင် တခု လှုပ်ခတ်သွားပါတယ်။ 



ပျက်စီးဆုံးရှုံးမှု၊ ထိခိုက်ဒဏ်ရာရမှုတွေနဲ့ပတ်သက်လို့တော့ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူးလို့ 
အေအက်ဖ်ပီ သတင်းတပုဒ်က ဖော်ပြသွားပါတယ်။ 

ငလျင်ဗဟိုချက်မ ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ အရှေ့တောင်ဘက် ၆၅ ကီလို မီတာ ( မိုင် ၄ဝ ) အကွာ မြေပြင် အနက် ၂၄ ကီလိုမီတာမှာဖြစ်တယ်လို့ အမေရိကန် အခြေစိုက် မြေငလျင်တိုင်းတာရေး အဖွဲ့ USGS က ပြောပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ဒေသကို ဗဟိုပြုပြီး အင်အားပြင်း ငလျင်တခု လှုပ်ခတ် သွားခဲ့တာမှာ မြန်မာနိုင်ငံ ရန်ကုန်နဲ့ မြို့ကြီးတချို့မှာပါ တုန်လှုပ်မှုတွေဖြစ်ခဲ့ပါတယ်။ 


အိမ့်သံစဉ် ~ 








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved