ထိုင်းစစ်အုပ်ချုပ်ရေးကြေညာတာကို မြန်မာအစိုးရ ဘာပြောမလဲ

Wednesday, May 21, 2014


  . 



ထိုင်းတနိုင်ငံလုံးမှာ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါပြီ။
ဒီ ဖြစ်ရပ်ဟာ မြန်မာဗိုလ်ချုပ်ကြီးများအတွက် အခက်အခဲ ဖြစ်နေပါလိမ့်မယ်။

  .  



ဓာတ်ပုံ - Reuters

(ပုံတွေကို http://www.irrawaddy.org/asia/multimedia-asia/thai-army-says-rivals-talk.html မှာလည်း ကြည့်နိုင်ပါတယ်)

ဒီလိုအခြေအနေမှာ မြန်မာအစိုးရက တခုခုပြောရမလား၊ မပြောရဘူးလား အခက် တွေ့နေဟန် တူပါတယ်။
ပြောမယ်ဆိုရင်လည်း ကြိုဆိုကြောင်း ပြောရမလား?
 မလုပ်သင့်ဘူး စစ်တပ်က ဝင်မရှုပ်သင့်ဘူး ပြောရမှာလား?

  • စိုးရိမ်တယ်

အာဆီယံဥက္ကဋ္ဌတာဝန်ကျ မြန်မာပြည်အနေနဲ့ ထိုင်းရဲ့အနေအထားကို ပူပန်လို့စောင့်ကြည့်နေတယ် သို့မဟုတ် ထိုင်းပြည်တွင်းရေး အခြေအနေကို စိုးရိမ်မိကြောင်း ဆိုပြီး ပုံစံခွက် ကြေညာချက်တစောင် ထုတ်ရမယ့်အချိန်ပါ။

စိုးရိမ်ကြောင်းကြေညာချက်ထုတ်ရင်တော့ ၀ိုင်းပြီး အဟားခံရမှာ သေချာပါတယ်။
နင့်ကြီးတော်ကြီး စိုးရိမ်တာလား ပေါ့လေ။
နင်ကတော့ ရာသက်ပန် အာဏာသိမ်းထားတဲ့သူဖြစ်လို့ ဘာမှ သွားစိုးရိမ်မနေနဲ့လို့လည်း အပြောခံရနိုင်ပါတယ်။

မြန်မာဗိုလ်ချုပ်ကြီးတွေဘက်ကလည်း
၅၉ (စ) ပြင်ဆင်ရေးကိုသာ လိုက်လျောနိုင်မယ်၊ စိုးရိမ်ကြောင်း ကြေညာချက်တော့ မထုတ်နိုင်ဘူး လို့ တင်းခံတာမျိုးလည်း ဖြစ်နိုင်တယ်။

  • မစုိးရိမ္ဘူး

စစ်အုပ်ချုပ်ရေး ကြေညာသင့်တယ်၊ ဒါဟာ မလွှဲမရှောင်သာလို့ လုပ်ရတာပဲ ဆိုပြီး စိတ်ရင်းအတိုင်း ပြောချလိုက်လည်း ရတာပါပဲ။
အဲသလို စည်းလွတ်ဝါးလွတ် ပြောလိုက်ရင် ... အာဆီယံဥက္ကဋ္ဌရာထူးကနေ ဖယ်ရှားခံရနိုင်မလား။
အင်း... မထင်ပါဘူး၊ အာဆီယံထဲမှာလည်း အာဏာရှင်အစိုးရက အများသား။

သေချာတာကတော့ ထိုင်းအခြေအနေကို ဥက္ကဋ္ဌကြီး တခုခု ၀င်ပြောဖို့ ခက်နေပြီဆိုတာပါပဲ။

ဘာမှ မပြောဘဲ ဒီအတိုင်း ထိုင်အားပေးနေလည်း ဝေဖန်ခံရမှာပါ။

ဝိုင်းဝေဖန်တာကိုပဲ အံကြိတ်ခံမယ့်သဘောရှိတယ်လို့ ယူဆရပါတယ်။


  . 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved