မထင်မှတ်ပဲ ရှေးဟောင်း ရွှေဘယက် ကောက်ရ

Wednesday, May 21, 2014

မြန်မာစကားပုံတခုမှာ လှံထမ်းလာတာကို မြင်ရပေမယ့် ကံထမ်းလာတာကို မမြင်နိုင်ဘူးဆိုတာ အခုကိစ္စက သက်သေ ထူ နေပါတယ်။ 

 ကောက်ရခဲ့တဲ့ ရွှေဘယက်၊ ဓာတ်ပုံ-The Mirror

သတ္တုမုဆိုး အသက် ၅၅ နှစ် အရွယ် ဒေးဗစ်စဖော ဆိုသူ ဟာ သူ့ ရဲ့ သတ္တုရှာ ကိရိယာနဲ့ ရှာဖွေရင်း စတာလင်ပေါင် ၂ သောင်း လောက်တန်တဲ့ ရှေးဟောင်း ရွှေစင်ဘယက် တခု ကိုတွေ့ လိုက်တာပါဘဲ။ 

ရှေးဟောင်း ရွှေဘယက်ကောက်ရသူ ဒေးဗစ်စဖော


( ကြေးခေတ် ) က လူမျိုးစု ခေါင်းဆောင်တွေ ဝတ်ဆင်တဲ့ ရွှေသား အတိပြီးတဲ့ လခြမ်းပုံ ဘယက်ဖြစ်နေ တာ သိလိုက်ရတာပါလို့ The Mirror သတင်းတပုဒ် မှာ ဖော်ပြ ထားပါတယ်။ 

အခု တွေ့ရှိတဲ့ ရွှေစင် ဘယက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ဝဝ နဲ့ ၄၅ဝဝ ကြားလောက်က ဖြစ်မယ်လို့ ထင်ပါ သတဲ့။ 

အခုတွေ့ရှိတဲ့ ရွှေစင်ဘယက်ဟာ ဗြိတိန်နိုင်ငံမှာအခုလို ရွှေဘယက်မျိုး ၃ ခုပဲ တူးဖော်တွေ့ရှိထားတာဖြစ်ပြီး ဒီ ဘယက်က တော့ အပျက်အစီးမရှိတဲ့အတွက် တန်ဘိုးက အတော်ကြီးတယ်လို့ ဆိုပါတယ်။ 

ဒေးဗစ်ဟာ အခုဆို မထင်မှတ်ပဲ ကံကောင်းသွားတာဖြစ်ပါတယ်။ 


ဒီရွှေဘယက်ကို ရှေးဟောင်း ပစ္စည်းဌာနက သူတွေ သေချာ စစ်ဆေးပြီး ပြတိုက်မှာ ထားဖို့ဖြစ်ဖြစ်၊ အခြား စိတ်ဝင်စား သူက ဝယ်ယူသိမ်းထားချင်လို့ပဲဖြစ်ဖြစ် ပြန်ရောင်းချလို့ ရမယ်လို့ဆိုပါတယ်။ 


အိမ့်သံစဉ် ~ 


မှတ်ချက်။     ။ ဘာသာပြန်အားနည်းချက်ကြောင့် ပြန်လည် ပြင်ဆင် ရေးသားထားပါသည်။




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved