ပြည်နယ်ဝန်ကြီး လက်သီးစွမ်းပြ

Friday, May 30, 2014

 ~




ဒီကနေ့ ညွှန်းသင့်တဲ့ သတင်းတပုဒ်ကတော့ ရခိုင်ပြည်နယ်ဝန်ကြီးတပါးက အရာရှိတွေကို ထိုးကြိတ်တယ်၊ ပါးရိုက်တယ် ဆိုတဲ့ သတင်းပါပဲ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်တွေမှာ ဖြစ်ခဲ့တာပါ တဲ့။

ရခိုင် လူမှုရေးဝန်ကြီး ဦးကျော်ခင် လက်သီးစွမ်းပြနေ၊
၎င်းကြောင့် ရခိုင် ပညာရေးဌာန စိတ်ဆင်းရဲနေရ
ဆိုတဲ့ ခေါင်းစဉ်နဲ့  မနေ့က Coral Arakan News သတင်းတပုဒ်မှာ ရေးထားပါတယ်။
https://www.facebook.com/coral.arakan.news မှာ အဲဒီသတင်း တွေ့ရမှာပါ။

 ပြည်နယ်အဆင့် အရာရှိတစ်ဦးအား မိမိ၏ ရုံးခန်းအတွင်းသို့ ခေါ်ယူဆဲဆိုပြီး၊ ထိုအရာရှိ၏ ကိုယ်ရေးလက်ထောက်အား မျက်နှာကို လက်သီးဖြင့် ထိုးခြင်း၊ နောက်မှ ပြေးလိုက်ကာ ပါးရိုက်ရန်ကြိုးစား လို့ သတင်းအစမှာ ရေးပါတယ်။

ဒီအကြောင်းကို ဒီကနေ့ထုတ် ဒီမိုကရေစီတူဒေး သတင်းစာမှာလည်း ဝန်ကြီးတစ်ပါးက ပြည်နယ်ပညာရေးညွှန်မှူးကို လက်သီးဖြင့်ထိုး၊ လ/ထ ကြီးကြပ်ရေးမှူးကိုပါးရိုက် ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးပါတယ်။

အဲဒီသတင်းကို ဖတ်နိုင်တဲ့လင့်က ...
http://2.bp.blogspot.com/-F-uIAjgQma0/U4gQmTAxKhI/AAAAAAAAvxY/DWJtJfZSNfs/s1600/10313862_10152055009836436_6039786848340664197_n.jpg

ဝန်ကြီးက အာဏာရပါတီကဖြစ်တယ်၊ ဒုဗိုလ်မှူးကြီးဟောင်းလို့ အဲဒီသတင်းမှာ ဖတ်ရပါမယ်။

နောက်ဆက်တွဲ ဘာတွေ ဆက်ဖြစ်မယ်ဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။



 



.

1 comments :

  1. Anonymous said... :

    "နောက်ဆက်တွဲ ဘာတွေ ဆက်ဖြစ်မယ်ဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။" ........ဘာမှဖြစ်မည်မထင်ပါ။ ဒီအစိုးရ ကလည်း သန်းရွှေကစီစဉ်ပေးထားတဲ့အတိုင်းလုပ်နေတဲ့စစ်ဗိုလ်ဟောင်း အကျင့်ပျက်အများစုနဲ့ စုဖွဲ့ထားတဲ့အစိုးရ သူ့အမြီးကိုယ်နင်း ကိုယ့်အမြီးသူနင်း တွေ ။ တိုင်လဲ အချင်းချင်းလျှော်လိုက် မှာပါပဲ။




Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved