Bodies. Naked. Words. မြန်မာလိုတော့ စကားလုံးများ၊ အဝတ်ဗလာနဲ့ ခန္ဓာကိုယ်များလို့ ဘာသာပြန်ရင် အဆင်ပြေမယ်ထင်ပါတယ်။ အခု ဓာတ်ပုံတွေကတော့ ဘရွတ်ကလင်းအခြေစိုက် ဓာတ်ပုံဆရာမ Lauren Renner ရဲ့ လက်ရာတွေဖြစ် ပါတယ်။
ဓာတ်ပုံတွေကတော့ အဝတ်ဗလာကျင်းနေတဲ့ လူကိုယ်ခန္ဓာကိုယ်ပေါ်မှာ စာတွေ ရေးပြီး သရုပ်ဖော်ထားပါတယ်။
အဲဒီသရုပ်ဖော်စာတွေနဲ့ ဓာတ်ပုံတွေကို တခြားသူက ဘယ်လိုကြည့်မလဲ၊ ဘယ်လို အဓိပ္ပာယ်ကောက် ယူမလဲ၊ ဘယ်လို နားလည် သိရှိကြမလဲဆိုတဲ့ သတင်းစကားတွေ ပေးထားပါတယ်တဲ့။
ဒါဟာ လူ့ယဉ်ကျေးမှုကို ဘယ်လို အထောက်အပံ့ဖြစ်စေသလဲ၊ တယောက်ကို တယောက် အဲဒီလို ဗလာကျင်း ခန္ဓာကိုယ်ပေါ် ရေးထားတဲ့ စာတွေနဲ့ သူတို့ပုံတွေ ကြည့်ပြီး ဘယ်လို ခံစားမှုတွေ ဖြစ်စေမလဲဆိုတာတွေ သိစေဖို့ ဓာတ်ပုံအနုပညာ တခုပါ။
အခု ဓာတ်ပုံဆရာမရဲ့ ပရောဂျက်မှာ အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးအမျိုးသမီးတွေရဲ့ ကိုယ်လုံးတီး ခန္ဓာကိုယ်တွေပေါ် Identities တွေကိုလည်း ရေးထိုးထားပါတယ်။
ဓာတ်ပုံဆရာမနဲ့ အင်တာဗျူးထဲမှာပြောထား ချက်တွေအရ လူ့သဘာဝ၊ အတွေးအခေါ်၊ ဖြစ်တည်မှု ပဓာနကျတဲ့ အမြင်တွေကိုလည်း ထင်ထင်ရှားရှားတွေ့ရသလို ဓာတ်ပုံမရိုက်ခင် ကာယကံရှင်တွေနဲ့ စိတ်ပိုင်း ဆိုင်ရာ လွတ် လွတ်လပ်လပ်ဖြစ်ဖို့၊ လုံးဝ ကျေကျေနပ်နပ်ဖြစ်ဖို့ ဆွေးနွေးမှုတွေလုပ်ပြီးမှ ရိုက်ကူးဖန်တီး တာဖြစ်ပါတယ်တဲ့။
လူဆိုတာ ဘာလဲ၊ ယောက်ျားလား၊ မိန်းမလား၊ အဖွားကြီးလား။ လူဟာ ဘာတွေနဲ့ ဖွဲ့စည်းထားတာလဲ၊ ဒီ ရုပ်ခန္ဓာကြီးကရော ဘာလဲ၊ လူလား၊ သူ့တန်ဘိုးတွေကရော ဘာတွေလဲ။
တကယ်တော့လည်း လူဆိုတာ မွေးလာကတည်းက အဝတ်မပါ ခန္ဓာကိုယ်က ဗလာကျင်းခဲ့တာပါ။
သေသွား တော့လည်း အလားတူပါပဲ။
လူသားချင်းချင်း မသေခင် တဦးနဲ့ တဦး ချစ်ခင်ကြဖို့ တဦးရဲ့ တန်ဘိုး တဦးက လေးစားတန်ဘိုးထား အသိအမှတ်ပြု တတ်ကြမှု ရှိမှသာ လူပီသတဲ့ လူ့ယဉ်ကျေးမှု စစ်စစ်ကို ပိုင်ဆိုင်တာ ဖြစ်မယ်ဆိုတာ အခု ဖော်ပြတဲ့ ဓာတ်ပုံတွေက တဆင့် သတိပေးနေပါလိမ့်မယ်။
ဓာတ်ပုံဆရာမရဲ့ ဓာတ်ပုံပြပွဲ တခုကို လာမယ့် သြဂုတ်လမှာ အမေရိကန်ပြည်ထောင်စု နယူးယောက်မှာ
ပြသဖို့ ရှိတယ်လို့လည်း featureshoot.com အနုပညာ သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။

0 comments :
Post a Comment