George Clooney နဲ့ သူ့အမျိုးသမီးများ

Sunday, May 4, 2014

~

 

 


ကမ္ဘာကျော် မင်းသားကြီး George Clooney စေ့စပ်လိုက်ပြီ ဆိုတော့ ဒီလူကြီး ၅၂ နှစ်ထဲရောက်မှ စွံတော့တယ်လို့တော့ ယူဆကြမယ် မထင်ပါ။

ဟုတ်ပါတယ်။ သူက ယခင်ကလည်း အိမ်ထောင်ရှိခဲ့ဖူး၊ ဟိုအမျိုးသမီး ဒီအမျိုးသမီးတချို့နဲ့လည်း တွဲခဲ့ဖူးကြောင်း မီဒီယာတွေမှာ ဖတ်ကြရပါလိမ့်မယ်။

အပေါ်မှာ တွေ့ရတာကတော့ ၁၉၉၀ ပြည့်နှစ်က သူ့ဇနီးသည် Talia Balsam နဲ့ပါ။
အဲဒီတုန်းက သူတို့မောင်နှံရဲ့ အိမ်ထောင်ရေးက ၄ နှစ်သက်တမ်း ကြာရှည်ခဲ့တယ်လို့ သတင်းတွေက ဆိုကြပါတယ်။

သူနဲ့ တွဲခုတ်ခဲ့ဖူးသူများထဲမှာ ...

 ဗြိတိသျှ မော်ဒလ်အမျိုးသမီး Lisa Snowdon,
နပမ်းသမား  Stacy Keibler, စားပွဲထိုး   Sarah Larson, အီတလီ သရုပ်ဆောင်  Elisabetta Canalis ,
ပြီးတော့ Baywatch ဇာတ်လမ်းတွဲထဲက ခပ်ချောချောမင်းသမီး  Krista Allen တို့လည်း ပါဝင်ပါတယ်။

အမေရိကန် People မဂ္ဂဇင်းက သူ့ကို ၁၉၉၇၊ ၂၀၀၆ ခုနှစ်တို့အတွက်  စွဲမက်ဖွယ်အကောင်းဆုံးအမျိုးသားအဖြစ်
ရွေးချယ်သတ်မှတ်ခဲ့ဖူးပါတယ်။

အခုတော့ သူက လူ့အခွင့်အရေးရှေ့နေအမျိုးသမီးကို စေ့စပ်လက်စွပ် ၀တ်ပေးလိုက်ပါပြီ။
ဒီအမျိုးသမီးအကြောင်း စောစောက ဒီဘလော့ http://blog.irrawaddy.org မှာ ဖော်ပြခဲ့ပြီးပါပြီ။

တနေ့နေ့မှာတော့ သူတို့ လက်ထပ်ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။

မကြာသေးခင်က ရှေ့နေကို ၀တ်ပေးလိုက်တဲ့ စေ့စပ်လက်စွပ်က ဒေါ်လာ ၇ သိန်းခွဲ တန်ကြေး ရှိတယ် လို့ သတင်းတွေမှာ တွေ့ရပါတယ်။

 ၅၂ နှစ်အရွယ် မင်းသားကြီးနဲ့ စေ့စပ်လိုက်တဲ့  ၃၆ နှစ်အရွယ် ရှေ့နေအမျိုးသမီး Amal Alamuddin





 

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved