အွန်လိုင်းမီဒီယာတခုကို မလေးဝန်ကြီးချုပ် တရားစွဲ

Thursday, June 5, 2014

 ~




မလေးရှား ၀န်ကြီးချုပ် Najib Razak က  သူ့နိုင်ငံက အွန်လိုင်းသတင်းဌာနတခုဖြစ်တဲ့ မလေးရှားကီနီကို တရားစွဲလိုက်ပါတယ်။

သူနဲ့ အာဏာရ သူ့ပါတီကို အသရေဖျက်တယ် ဆိုပြီး တရားစွဲတာပါ။

ဒီအကြောင်း ဧရာဝတီဘလော့ ပရိသတ်အတွက် အကျဉ်း ပြန်ပြောပြရရင် သူတို့ဆီက နာမည်ကျော် သတင်းဌာန မလေးရှားကီနီကို တရားစွဲတာဟာ မလေးရှား ၀န်ကြီးချုပ် တဦး အနေနဲ့ မီဒီယာကို ပထမဆုံးအကြိမ် တရားစွဲခြင်းဖြစ်မယ်လို့ ယူဆရပါတယ်။

http://www.irrawaddy.org/asia/malaysian-pm-sues-online-news-portal-malaysiakini.html

လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ ဒါဟာ မီဒီယာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်လိုက်တာပဲလို့ ပြောပါတယ်။

မလေးရှားကီနီသတင်းဌာနက ဖော်ပြလိုက်တဲ့ စာဖတ်သူတွေရဲ့မှတ်ချက်ဟာ ဝန်ကြီးချုပ်ကို အသရေဖျက်တယ် ဆိုပြီး တရားစွဲကြောင်း အသိပေးစာကို အင်္ဂါနေ့မှာ ရရှိပါတယ် တဲ့။

အယ်ဒီတာ Steven Gan ဖြေရှင်းတာကတော့ ... ဝန်ကြီးချုပ်ကို ပြန်လည် တုန့်ပြန်ဖို့ ကမ်းလှမ်းသော်လည်း ဝန်ကြီးချုပ်က လက်မခံခဲ့ဘူး ဆိုတာပါပဲ။

စာဖတ်သူတို့ရဲ့မှတ်ချက်ကို ဖြုတ်မပေးနိုင်ဘူး၊ ဒီမှတ်ချကတွေဖော်ပြမိလို့ တောင်းပန်ကြောင်း ဘာကြောင်းလည်း မလုပ်နိုင်ဘူးလို့ အယ်ဒီတာက ပြောပါတယ်။

ဒီလို တရားစွဲဆိုကြောင်းကို ပြီးခဲ့တဲ့တပတ်တုန်းကတည်းက ဝန်ကြီးချုပ်က ပြောပြပြီးသားပါ - ဒီလို စွဲတာဟာ သတင်းဌာနတွေ ဝေဖန်ထောက်ပြတာမျိုးမလုပ်ရဲအောင်  ဖိနှိပ်လိုက်တာမျိုး မဟုတ်ဘူး တဲ့။
အသရေဖျက်တာနဲ့ ဥပဒေဘောင်ထဲကနေဝေဖန်ခြင်း ဆိုတာ  ကွာခြားတယ် လို့ သူက ဆိုပါတယ်။

ဒီအမှုကို ဒီလ ၁၈ ရက်နေ့ တရားရုံးမှာ ကြားနာပါမယ်။

မလေးရှားကီနီသတင်းဌာနက အွန်လိုင်းမီဒီယာအဖြစ် ရပ်တည်လာတာ ၁၅ နှစ် ရှိပါပြီ။

မူရင်းသတင်း      Malaysian PM Sues Online News Portal Malaysiakini   ကို http://www.irrawaddy.org/asia/malaysian-pm-sues-online-news-portal-malaysiakini.html မှာ ဖတ်နိုင်ပါတယ်။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved