ငြိမ်းချမ်းခြင်းဆီခြေလှမ်းများ

Saturday, June 14, 2014

 ~




မနက်ဖြန်နေ့ခင်း ရန်ကုန်မြို့မှာ ငြိမ်းချမ်းရေးအထူးပြုစာဖတ်ဝိုင်းတခု ရှိနေပါတယ်။

ဆွေးနွေးမယ့် စာအုပ်က 
မာင်မြင့်ဇော် ရဲ့" ငြိမ်းချမ်းခြင်းဆီခြေလှမ်းများ(၁)" ဖြစ်ပါတယ်။
 စာအုပ် ရယူနိုင်မယ့် ဖုန်းနံပတ်ကိုလည်း တွေ့ရမှာပါ။
စာအုပ်ဆိုင်အများအပြားမှာလည်း ဒီစာအုပ်ကို ၀ယ်ယူနိုင်ပါတယ်။

ဆွေးနွေးလိုသူ လေ့လာလိုသူများအတွက် ဒီအစီအစဉ်ရှိကြောင်း လက်တို့လိုက်ပါတယ်။

စစ်ကင်းမဲ့ရုံဖြင့် ငြိမ်းချမ်းရေးမဟုတ်
သဟဇာတဖြစ်မှုရှိမှသာ ငြိမ်းချမ်းရေး
Peace=Peesence of Harmony

  • ခေတ်သစ်လူငယ်စာဖတ်ဝိုင်း

၁၅.၆.၂၀၁၄ စာဖတ်ဝိုင်းမှာ ဆရာ မောင်မြင့်ဇော် ရဲ့" ငြိမ်းချမ်းခြင်းဆီ
ခြေလှမ်းများ(၁)" စာအုပ်ကို ဆွေးနွေးဖို့ရွေးချယ်ထားပါတယ်။
စိတ်ပါဝင်စားတဲ့လူငယ်များလာရောက်ဆွေးနွေးကြဖို့ လေးစားစွာဖိတ်ခေါ်ပါတယ်။

ခေတ်သစ်လူငယ်စာဖတ်ဝိုင်းဆိုတာ လွတ်လပ်စွာဆွေးနွေးပြောဆိုနိုင်တဲ့
လူငယ်စာကားဝိုင်း/စာဖတ်ဝိုင်းလေးတစ်ခုဖြစ်ပါတယ်။

ဒီအစီစဉ်ကို ၂၀၀၉ ခုနှစ် ကတည်းက စတင်ခဲ့တာဖြစ်ပြီး နယ်မြို့တွေမှာလည်း ဆက်လက်ဆောင်ရွက်သွားနိုင်အောင်စီစဉ်နေပါတယ်။

စာဖတ်ဝိုင်းတက်ရောက်မည့်သူများ စာအုပ်ရယူနိုင်ပါတယ်။

ဖုန်း-၀၉ ၄၃၀ ၅၆၂၁၆

နေ့ရက် -၁၅.၆.၂၀၁၄(တနင်္ဂနွေ)
အချိန်   - နေ့လည်(၁)နာရီ
နေရာ   - စာပေလောက(၅)၊၁၃၈/၁၄၀(ပထမထပ်)
            မဟာဗန္ဓုလလမ်းနှင့်ပန်းဆိုးတန်းလမ်းထောင့်

  • ငြိမ်းချမ်းခြင်းဟူသည်

          ငြိမ်းချမ်းခြင်းဟူသည် သီလတရား၊စိတ်နှလုံးကောင်း ရှိမှုနှင့်တည်ငြိမ်မှုတို့ဖြင့် လူမှုဘ၀ စိတ်ဓာတ်ရေးရာများမြင့်မားတည်ရှိနေသော အခြေအနေဖြစ်သည်။ထိုနေရာသို့ ရောက်အောင်
ကျယ်ပြန့်ခြုံ ငုံသည့်အမြင်၊စုစည်းသည့်နည်းလမ်းတို့ဖြင့်ဆောင်ကြည်းရသည်။

            စုစည်းမှုဖြင့်သာ တည်ဆောက်မှုကိုပြုနိုင်သည် ဟူသော လောကအမြင်အခြေခံပေါ်တွင်သာ  ငြိမ်းချမ်းခြင်း ရှိသောလူ့ယဉ်ကျေးမှုကို ဖန်းတီးနိုင်သည်။

            တိုးတက်ခြုံ ငုံသောငြိမ်းချမ်းခြင်းရှိမှသာ ရှင်သန်ရန်၊စည်ပင်ရန်၊အဓိပ္ပယ်ပြည့်ဝရန် ဟူသော အခြေခံလူ့လိုအပ်ချက်တို့ကိုဖြည့်ဆည်းနိုင်သည်။


                                မောင်မြင့်ဇော်

                     

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved