ယာဉ်ထိန်းရဲတွေကို ရော်ဘာတုတ်နဲ့ကျဉ်စက်တွေ ပေးကိုင်မယ်

Tuesday, June 17, 2014

 ~



ရန်ကုန်က ယာဉ်ထိန်းရဲတွေကို ရော်ဘာတုတ်၊ ကျဉ်စက်တွေ ပေးကိုင်မယ်လို့ ဒုရဲမှူးကြီးလင်းထွဋ်က ပြောဆိုကြောင်း ကြေးမုံသတင်းစာမှာ တနင်္လာနေ့က ရေးပါတယ်။
 .

၂ဝ၁၂ ဇွန်လက ရန်ကုန်မြို့ တနေရာမှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းရဲမေတဦး (ဓာတ်ပုံ - Steve Tickner / ဧရာဝတီ)


လောလောဆယ်တော့ ကျဉ်စက် ၁၈ လုံး၊ တုတ်အချောင်း ၂ဝဝ ထုတ်ပေးထားတယ်လို့ သတင်းမှာ ရေးထားပါတယ်။


မြန်မာပြည်ကယာဉ်ထိန်းရဲတွေမှာ ဘာလက်နက်မှ တပ်ဆင်မထားခဲ့တာ ကြာပါပြီ။ 
တာဝန်ချိန်မှာ 
တခါတရံ သူတို့ အတိုက်ခိုက်ခံရတတ်ပါတယ်။ ပါးရိုက်ပြီး စော်ကားသွားသူလည်း ရှိပါတယ်။
ဒီလိုဖြစ်ရပ်တွေကြောင့်လည်း  ကျဉ်စက်၊ ရော်ဘာတုတ်တွေ ပေးကိုင်တဲ့အနေအထား ရောက်လာခြင်း ဖြစ်ပါလိမ့်မယ်။

ဇွန် ၁၉ ရက်စွဲတပ် ဈေးကွက်ဂျာနယ်မှာတော့ ယာဉ်ထိန်းရဲအင်အားလည်း တိုးချဲ့မယ်လို့ ရေးထားတာ တွေ့ရမှာပါ။

... ဇူလိုင်လမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် အမျိုးသား၊ အမျိုးသမီး ဦးရေ ၁ဝဝ ကျော် ရရှိလာပါက အဓိက လိုအပ်သည့် မီးပွိုင့်များကို အင်အား ဖြည့်တင်းပေးသွားမည် ဆိုပြီး
ဒုရဲမှူးကြီးလင်းထွဋ်ကို ကိုးကား ရေးသားထားပါတယ်။

အဲဒီအရေအတွက်အတိုင်း တိုးချဲ့နိုင်ရင်တော့ ရန်ကုန်
လမ်းပိတ်ဆို့မှုတွေ၊ လမ်းစည်းကမ်း ယာဉ်စည်းကမ်း ဖောက်ဖျက်မှုတွေရဲ့ အနေအထား အနည်းငယ် ပြောင်းလဲလာဖွယ်ရှိပါတယ်။

အများပြည်သူအတွက် တပ်ဖွဲ့ဝင်ဦးရေ တိုးချဲ့တာ ကြိုဆိုရပါမယ်။
တာဝန်ချိန်မှာ လိုအပ်ရင် သုံးဖို့ ကျင်စက်၊ နံပတ်တုတ်တွေ ထုတ်ပေးတာလည်း ကောင်းပါတယ်။

တပ်ဖွဲ့ဝင်တိုင်းကို ဒီလို တပ်ဆင်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။
ဒါမှ ရန်ပြုလာမယ့်သူတွေကို အနည်းနဲ့အများ ဟန့်တားနိုင်ပါမယ်။

၂၀၁၃ မတ်လက  ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မြေးဆိုသူက   ယာဉ်ထိန်းရဲတဦးကို ရိုက်နှက်တယ်ဆိုတဲ့ သတင်း ထွက်ခဲ့ပါတယ်။  ရေနဲ့ပက်၊ ဒူးထောက်ခိုင်းပြီး ပါးရိုက်တာတွေလည်း လုပ်ခဲ့တယ်လို့ ဆိုတဲ့ အဲဒီအကြောင်း http://blog.irrawaddy.org/2013/03/blog-post_9360.html မှာ ဖတ်နိုင်ပါတယ်။ သို့သော်လည်း အဲဒီလို

ထိုးကြိတ်အနိုင်ကျင့်ခြင်းမရှိရပါကြောင်း ဖြေရှင်းစာတစောင်လည်း ထွက်လာပါတယ်။ အဲဒီစာအကြောင်း http://blog.irrawaddy.org/2013/10/blog-post_18.html မှာ ဖတ်ပါ။

 မိမိကိုနိုင်ငံရေးအရ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လူကြီးများကလည်း ဤအဖြစ်အပျက်ကို နားလည်သဘောပေါက်ပါကြောင်း စာထဲ ရေးပါတယ်။

  • (အင်္ဂါမနက် ဖြည့်စွက်ချက်
  • ကျင်စက်ကို ကျဉ်စက်လို့ ပြင်ရေးလိုက်ပါတယ်)

ဆက်စပ်သတင်းများ


http://blog.irrawaddy.org/2013/04/blog-post_12.html
http://blog.irrawaddy.org/2013/09/vip.html
http://blog.irrawaddy.org/2013/05/nissa-fair-lady.html
http://blog.irrawaddy.org/2012/03/7day-news.html
 http://blog.irrawaddy.org/2012/03/blog-post_4688.html

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved