ဒေါ်အောင်ဆန်းစုကြည်ရဲ့ သောကြာနေ့ နီပေါ ခရီးစဉ်

Thursday, June 12, 2014

 ~


   

ဒေါ်အောင်ဆန်းစုကြည်    နီပေါနိုင်ငံ ၄ ရက် ခရီးစဉ် စတင်ပါမယ်။


ဒီအကြောင်း NLD ရဲ့ အွန်လိုင်းထုတ်ပြန်ချက်တခုကို ကူးယူ ဖော်ပြလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နီပေါနိုင်ငံခရီးစဉ်

၂၀၁၄ ခုနှစ်၊ ဇွန်လ (၉) ရက်

ခရီးစဉ်တွင် ပါဝင်သူများ

၁။ ဒေါ်အောင်ဆန်းစုကြည် - ဥက္ကဋ္ဌ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
၂။ ဒေါက်တာတင်မာအောင် - Chief of staff & Personal assistant to Chairperson
၃။ ဦးဖြိုးဇေယျာသော် - Member of the Parliament & Parliamentary Private Secretary
၎။ ဦးမိုးဇော်ဦး - Communication Officer of Chairperson’s Office

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နီပေါနိုင်ငံ ဝန်ကြီးချုပ်
Mr. Sushil Koirala ၏ ဖိတ်ကြားချက်အရ နီပေါနိုင်ငံ၊ ခတ္တမန္ဓူမြို့သို့ ၂၀၁၄ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့တွင် သွားရောက်ရန် အစီအစဉ်ရှိပါသည်။

အဆိုပါခရီးစဉ်တွင် နီပေါနိုင်ငံသမ္မတ Rt. Hon. Dr. Ram Baran Yadav, ဝန်ကြီးချုပ် Rt. Hon. Mr. Sushil Koirala တို့နှင့် တွေ့ဆုံမည့်အပြင် နီပေါနိုင်ငံ လွှတ်တော် (Baneshwar) သို့
သွားရောက်လေ့လာကာ လွှတ်တော်ဥက္ကဋ္ဌ Mr. Subash Chandra Nembang နှင့်လည်း တွေ့ဆုံမည်ဖြစ်ပါသည်။

ထို့အပြင် နီပေါနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mr. B.P. Koirala နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်၍ နှုတ်ခွန်းဆက်စကားပြောကြားခြင်းနှင့် လုမ္ဗနီဥယျာဉ် (Lumbini) သို့သွားရောက်ခြင်းများ ပြုလုပ်ရန် စီစဉ်ထားရှိပါသည်။

၁၆၊ ၆၊ ၂၀၁၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး အဆိုပါနေ့ ညပိုင်းတွင် ရန်ကုန်၊ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။


(ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)
 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved