မီဒီယာသမားတွေ ဒီလို ဆန္ဒပြနေတယ်

Wednesday, June 25, 2014

အယ်ဂျာဇီးရား သတင်းဌာနက သတင်းသမားတွေ ဖမ်းဆီး ထောင်ချခံနေရတာ လွတ်မြောက်ရေးအတွက် Channel 4 News က မီဒီယာသမားတွေကလည်း အခုလို မိမိတို့ရဲ့ ပါးစပ်တွေမှာ ပလာစတာ အမည်းကို ကပ်ပြီး တောင်းဆို ဆန္ဒပြကြပါတယ်။ သတင်းကြေညာတာကိုလည်း ဆန္ဒပြမှုနဲ့တကွ ပြုလုပ်ခဲ့တယ်။ 


အယ်လ်ဂျာဇီးရား သတင်းဌာနက သတင်းသမားတွေ ဖြစ်ကြတဲ့ Peter Greste၊ Mohamed Fahmy နဲ့ Baher Mohamed ကို အကြမ်းဖက်အဖွဲ့အစည်းတခုရဲ့ အဖွဲ့ဝင်တွေကို အထောက်အပံ့ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားရာက အီဂျစ်နိုင်ငံ တရားရုံးတခုက မနေ့က ထောင်ဒဏ် ၇ နှစ် စီ ချမှတ်လိုက် ပါတယ်။ 

ဒီလို သတင်းသမားတွေကို ထောင်ဒဏ် အပြစ်ပေး ချမှတ်လိုက်မှုအပေါ် ကမ္ဘာလုံးဆိုင်ရာ ဖမ်းဆီး
ထောင်ချခံ သတင်းသမား လွတ်မြောက်ရေး လှုပ်ရှားမှု စတင်လိုက်တာဖြစ်ပါတယ်။

  

အိမ့်သံစဉ် ~ 









0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved