~
IRON CROSS တေးဂီတအဖွဲ့က ချစ်စမ်းမောင်၊ အဆိုတော်မျိုးကြီးတို့က ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု ရပ် ဆိုတဲ့ လှုံ့ဆော်မှုမှာ အခုလို ပါဝင်နေကြပါတယ်။
ရန်ကုန်မြို့ ဗြိတိသျှသံရုံးအွန်လိုင်းစာမျက်နှာတခုက တင်လိုက်တဲ့ ဒီပုံတွေကို တနင်္လာနေ့က စတင်ပြီး အွန်လိုင်းမှာ လက်ဆင့်ကမ်း ဖြန့်ဝေနေကြတာပါ။
တနင်္လာနေ့မတိုင်ခင်မှာတော့ အမျိုးသမီးတချို့ရဲ့ပုံ ၂ ပုံလည်း တက်လာပါတယ်။
တပုံက ကမ္ဘာကျော်မင်းသမီး အင်ဂျလီနာဂျိုလီကို တွေ့ရပါမယ်။
နောက်တပုံကတော့ မြန်မာပြည်က အမျိုးသမီးတို့ရဲ့ပုံပါ။
ဂျိုလီရဲ့ ပုံမှာတော့ ... မတရားပြုကျင့်ခြင်းက အမျိုးသမီးအရေးမဟုတ်၊ လူသားမျိုးနွယ်တွေရဲ့အရေးမဟုတ်၊
ကမ္ဘာလုံးဆိုင်ရာအရေးဖြစ်တယ်လို့ ရေးထားပါတယ်။
ဒီလလယ်မှာ ကျင်းပမယ့် "ပဋိပက္ခအခြေအနေအတွင်း လိင်အကြမ်းဖက်မှု ရပ်တန့်ရေး ကမ္ဘာလုံးဆိုင်ရာထိပ်သီးအစည်းအဝေး" အကြိုလှုံ့ဆော်မှု တစိတ်တဒေသဖြစ်ပါလိမ့်မယ်။
ပုံတွေကို ကူးယူ ဖော်ပြလိုက်ပါတယ်။
.

0 comments :
Post a Comment