ဒေါ်အောင်ဆန်းစုကြည်

Thursday, June 19, 2014

~


ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ၆၉ နှစ်ပြည့် မွေးနေ့။

 

အဆိုတော်သျှီက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ အနုပညာရှင်များထဲက တယောက် ဖြစ်ပါတယ် (ဓာတ်ပုံများ - ဟိန်းထက်/ဧရာဝတီ)


သူ့မွေးနေ့အကြိုအဖြစ် ပန်းချီပြပွဲတခုကို ပြီးခဲ့တဲ့ရက်ပိုင်း ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် ကျော်ဖြိုးသာရဲ့  http://www.irrawaddy.org/burma/multimedia-burma/artists-celebrate-suu-kyis-upcoming-birthday-exhibit.html မှာ ဖော်ပြခဲ့တဲ့ သတင်းတပုဒ်ကို ဆီလျော်အောင်  ဘာသာပြန်ထားတာ ဧရာဝတီမြန်မာပိုင်းမှာ မနေ့က တွေ့ရမှာပါ။

မဖတ်ရသေးသူများအတွက် သတင်းနဲ့ ဓာတ်ပုံများကို ကူးယူ ဖော်ပြလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် အဖြစ် For Suu ပန်းချီပြပွဲ ကျင်းပ


ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၉ နှစ်ပြည့် မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံမှ အနုပညာရှင် တချို့က ကျင်းပနေကြပြီဖြစ်သည်။

ဇွန်လ ၁၄ရက်နေ့က စတင်၍ ပန်းချီပညာရှင် ၇ ဦးက ရန်ကုန်မြို့လယ် ၃၅ လမ်းရှိ River Ayeyarwaddy ပန်းချီပြခန်းတွင် ပြုလုပ်ခဲ့သည့် ‘For Suu’ အမည်ရှိ ပန်းချီပြပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူ ပန်းချီကား ၇၇ ကား ကို ပြသ ပေးနေသည်။

“ပန်းချီပြပွဲအတွက် အကြောင်းပြချက်ကတော့ ရိုးရှင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ ကျင်းပဖို့ပါ” ဟု ပြခန်းကို တည်ထောင်သူတဦး ဖြစ်သော မဖြူအိသိန်းက ပြောသည်။

မူလက ပြပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကား ၆၉ ကား ပြသရန်စီစဉ်ထားသည်။ ၎င်းတို့ထဲမှ အများစုကို မမွှေး၊ ချောအိသိမ်းနှင့် စိုင်းလင်းမြတ် (ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံ အမျိုးအစား ၄၀ ကျော်ရေးဆွဲခဲ့သူ) တို့ရေးဆွဲ ထားကြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်၏ တခြား သော ပုံတူပန်းချီကား ၈ ကား မှာ ယခင်တပတ်က ကွယ်လွန်သွား ခဲ့သော မြန်မာခေတ်ပြိုင် ပန်းချီဆရာကြီး ဦးခင်မောင်ရင်နှင့် အမျိုးသမီး ရော့ခ် အဆိုတော် သျှီ၊ ရာဟုလာ၊ ခင်မောင်နီတို့ ရေးဆွဲသည့် ပန်းချီကားများ ဖြစ်သည်။

ကင်းဗတ်စ ပေါ်တွင် ဆီဆေး၊ အခရိုင်းလစ် သို့ မဟုတ် မင်ဖြင့် ရေးဆွဲခြင်း၊ စက္ကူပေါ်တွင် ရေဆေး၊ ခဲ တို့ဖြင့်ရေးဆွဲခြင်း၊ အရာဝတ္ထုများကို ပန်းချီအတွင်းတွင် ရောညှပ် ကပ်၍ ဖန်တီးသည့် Collage နည်း စသည်ဖြင့် နည်းလမ်းအမျိုးမျိုး၊ ကြားခံ ပစ္စည်း အမျိုးမျိုးတို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀လှုပ်ရှားမှုများနှင့် ရုပ်ပုံများကို ကျယ်ကျယ်ပြန့်ပြန့် ခြုံငုံမိအောင် ရေး ဆွဲထားသည်ကို တွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည် ငယ်စဉ်ဘ၀မှ စ၍ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံတွင် အတိုက်အခံ ခေါင်း ဆောင် အဖြစ် ပေါ်ထွက်လာခဲ့ခြင်းမှသည် ၂၀၁၀ ပြည့်နှစ်တွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက် လာခဲ့သည့် နောက်ပိုင်း နှစ်များ အထိပါဝင်သည်။

ပန်းချီကား အများစုကို ရောင်းချမည်ဖြစ်ပြီး ဈေးနှုန်းက အမေရိကန် ဒေါ်လာ ၈၀ မှ ၃၀၀၀ အထိ အစားစားဖြစ်သည်။

ပြပွဲသို့ လာရောက်ကြည့်ရှုရန် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ် ထားကြောင်းလည်း အိဖြူသိမ်းက ပြောသည်။

“ဒါပေ မယ့် သူလာနိုင်မယ်လို့ တော့ ကျမတို့ မျှော်လင့်မထားပါဘူး။ ဘာဖြစ်လို့ လည်းဆိုတော့ သူဘယ်လောက် အလုပ်များတယ် ဆိုတာ ကျမတို့သိတယ်လေ။ တကယ်လို့ သူလာနိုင်မယ် ဆိုရင်တော့ ကျမတို့ အားလုံး ပျော်ရွှင်ကြမှာပါ” ဟု သူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မကြာခင်က နီပေါနိုင်ငံသို့ သွားရောက်ခဲ့ပြီး ဇွန် ၁၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်သို့ ပြန်လည် ရောက်ရှိခဲ့သည်။

ယမန်နေ့ ဇွန် ၁၇ ရက်နေ့က စတင်၍ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကို သုံးရောက်ခြယ် အဖွဲ့ အပါအဝင် အဖွဲ့အစည်း အသီးသီးက ကျင်းပပြုလုပ်လျှက် ရှိကြောင်း သိရသည်။

http://www.irrawaddy.org/burma/multimedia-burma/artists-celebrate-suu-kyis-upcoming-birthday-exhibit.html


  • Artists Celebrate Suu Kyi’s Upcoming Birthday With Exhibit
  • By KYAW PHYO THA / THE IRRAWADDY| Monday, June 16


RANGOON — Coming Thursday, Aung San Suu Kyi will undoubtedly be presented with a birthday cake by her supporters, but some Burmese artists have already gone ahead and celebrated the democracy icon’s 69th birthday.

On Saturday, seven artists opened the ‘For Suu’ art exhibition at the River Ayeyarwaddy Gallery in downtown Rangoon, putting on public display 77 portrait paintings of Suu Kyi.

“The reason for this exhibition is simple: To celebrate Daw Aung San Suu Kyi’s birthday,” said Phyu Ei Thein, one of the founders of the gallery.

Originally, the exhibit planned to put 69 portraits of Suu Kyi on display, most of which were painted by Ma Hmwe, Chaw Ei Thein and Sai Lynn Myat (who painted more than 40 versions of Suu Kyi’s image).

But another two portraits of the National League for Democracy (NLD) leader by the late Burmese contemporary artist Kin Maung Yin, who passed away last week, were added in his honor. Khin Maung Yin has painted a well-known series of eight Suu Kyi portraits. Another six paintings were added by the artist named She, Rahula and Khin Maung Ni.
1

Using different materials and mediums—such as oil and acrylic on canvas, or ink, water paint and pencil sketches on paper and collage—the paintings cover a wide range of moments and images from Suu Kyi’s life. The paintings show Suu Kyi from her early youth to her emergence as opposition leader during the 1988 uprising, up until the recent years following her release from house arrest in 2010.

Most of the ‘For Suu’ paintings are up for sale, with price tags ranging from US$3,000 to $80.

Phyu Ei Thein said she sent an invitation to Suu Kyi to visit the exhibition. “But we didn’t insist she should visit the show, as we know how busy she is,” said the co-founder of the gallery. “But we all would be thrilled if she could drop by.”

The NLD leader is currently on a visit to Nepal and will arrive back in Rangoon on Monday evening.

 

 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved