လူမှုရေးအသင်းများ တောင်သမန်အင်းမှာ အမှိုက်ကောက်

Friday, June 6, 2014

 ~




"...အမှိုက်ပုံး အလုံအလောက် ထားဖို့အတွက်လည်း အာဏာပိုင်တို့ကို ပညာပေးဖို့ လိုအပ်မှာ အသေအချာပါပဲ..."

(ဓာတ်ပုံများ - တေဇလှိုင် / ဧရာဝတီ)

လူမှုရေးအသင်း ၂ဝ နီးပါး မန္တလေးမြို့ပြင်ဘက်  တောင်သမန်အင်း အနီးတဝိုက်မှာ ဒီကနေ့ အမှိုက်ကောက် သန့်ရှင်းရေး ဆောင်ရွက်ကြပါတယ်။

ပူးပေါင်း ပါဝင်တဲ့အဖွဲ့များထဲမှာ ရန်ကုန်က နာရေးကူညီမှုအသင်းလည်း ပါဝင်ပါတယ်။

အမှိုက်ကောက်ခြင်းနဲ့ ပတ်သက်ပြီး နာရေးကူညီမှုအသင်း ခေါင်းဆောင် ဦးကျော်သူက သူ့ဖေ့စ်ဘုတ်မှာ အခုလို ရေးထားတာ တွေ့ရမှာပါ။

ပရဟိတလူမှုရေးသမားဆိုတာ...လူအို၊လူနာ၊လူသေ၊ပညာရေး၊သဘာဝဘေး၊ စစ်ဘေး၊လေဘေး၊ရေဘေး၊မီးဘေး လူမျိုးရေး တို့ အပြင်
ပါတ်ဝန်းကျင်ထိမ်းသိမ်းရေးအတွက်သစ်ပင်စိုက်ယုံတင်မက အမှိုက်ပါကြုံး ပြီးအဆုံးစွံဆုံး မစင်ပါကျုံးသင့်ရင်ကျုံးရမှာဘဲ။ 

လွန်ခဲ့တဲ့ ၂ ရက်က ရေးသားချက် ဖြစ်ပါတယ်။

 တောင်သမန်အင်း အမှိုက်ကောက် လှုပ်ရှားမှုမှာ ဦးကျော်သူ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ပါတယ်။

ခရီးသည်တွေ ဒေသခံတွေထဲက အများအပြားဟာ အမှိုက်ကို အမှိုက်ပုံးထဲ ထည့်လေ့ မရှိပါဘူး။

အမှိုက်ကို စနစ်တကျ စွန့်ပစ်တတ်ဖို့ အချိန်ကြာကြာ ယူပြီး ပညာပေးဖို့ လိုအပ်ပါလိမ့်မယ်။

အမှိုက်ပုံး အလုံအလောက် ထားဖို့အတွက်လည်း အာဏာပိုင်တို့ကို ပညာပေးဖို့ လိုအပ်မှာ အသေအချာပါပဲ။







 

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved