ကချင်ရွာသူကြီးကို ထောင် ၂၂ နှစ်ချ

Friday, June 13, 2014

 ~

 
၃ နှစ်ပြည့်လာတဲ့ ကချင်ဒေသ တကျော့ပြန်စစ်ပွဲတွေ ချုပ်ငြိမ်းရေးအတွက်  တနင်္လာနေ့က ရန်ကုန်၊ စမ်းချောင်းမြို့နယ် ကချင်တိုင်းရင်းသားတို့ရဲ့ ဘုရားကျောင်းမှာ ပြုလုပ်တဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲ မြင်ကွင်းတခု (ဓာတ်ပုံ  - ဟိန်းထက်/ဧရာဝတီ)
တပ်မတော်ကို ဗုံးထောင်တိုက်ခိုက်မှုနဲ့ ကချင်ပြည်နယ် ရွှေကူမြို့နယ်က ရွာသူကြီးတယောက်ကို ရုံးတင် စစ်ဆေးနေရာမှာ အင်္ဂါနေ့က သူ  ထောင် ၂၂ နှစ် ကျသွားပါတယ်။

ထောင်ကျသွားတာကတော့ မှတ်ကြီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမလိတန်ဖြစ်တယ်လို့ သူ့ရဲ့ရှေ့နေ ဦးခွန်နောင်က ဧရာဝတီကို ပြောပါတယ်။
ဦးမလိတန်က အသက် ၅၅ နှစ် ရှိပါပြီ။

ဒီအကြောင်း ဧရာဝတီအင်္ဂလိပ်ပိုင်း http://www.irrawaddy.org/burma/burma-jails-another-kachin-explosives-charges.html မှာ ရေးထားတာကို ပြန်ပြီး ကောက်နုတ်ရရင်... မြန်မာ့တပ်မတော် တပ်ရင်း အမှတ် ၂၁၂ က သူ့ကို လမ်းပြအဖြစ် ခေါ်သွားတယ်၊ လမ်းမှာ ဗုံးပေါက်ကွဲမှု ဖြစ်အပြီး သူ့ကို ကြိုးတုပ် နှိပ်စက်တယ်လို့ ဆိုတယ်။

ရွာသူကြီးကို ဗုံးထောင်တယ်လို့ စွပ်စွဲတယ်၊ ဓာတ်ပုံရိုက်တယ်၊ ဖောက်ခွဲပစ္စည်းတချို့နဲ့အတူ ဓာတ်ပုံရိုက်တယ်လို့ ရှေ့နေက ပြောပါတယ်။
သူကြီးမှာ အပြစ်မရှိဘူး၊ ထိန်းသိမ်းခံရတဲ့ကာလအတွင်း နှိပ်စက်မှုတွေကြောင့် အကြားအာရုံထိခိုက်သွားတယ်လို့ ရှေ့နေက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ကချင်အမျိုးသား ၃ ဦးကို ဖောက်ခွဲမှုတွေနဲ့ ထောင်ချလိုက်ပါတယ်။
ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KIA နဲ့ အဆက်အသွယ် မရှိကြောင်း သူတို့က ထွက်ဆိုခဲ့ပေမယ့် ထောင် ၁၄ နှစ် အထိ ချလိုက်တာပါ။
စစ်တပ်က သူတို့ကို နှိပ်စက်ခဲ့သေးတယ်လို့လည်း သိရပါတယ်။

မူရင်းသတင်း

http://www.irrawaddy.org/burma/burma-jails-another-kachin-explosives-charges.html

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved