တရုတ် ဒီမိုကရေစီ လှုပ်ရှားမှု (တီယန်နန်မင်) ၂၅ နှစ်ပြည့်

Wednesday, June 4, 2014

တရုတ်နိုင်ငံ တီယန်နန်မင် ရင်ပြင်မှာ ဒီမိုကရေစီလှုပ်ရှားမှုကြီးကြောင့် တရုတ် အာဏာပိုင်တွေက ရက် ရက် စက်စက် ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တာ ဇွန်လ ၄ ရက်နေ့မှာ ၂၅ နှစ် ပြည့်ပါတယ်။ 





အဲဒီတုန်းက တရုတ်စစ်တပ်က တီယန်နန်မင်ရင်ပြင်မှာ ဆန္ဒပြသူတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ သမိုင်းကို အခုထိ တရုတ်ကွန်မြူနစ်အစိုးရက ဖုံးကွယ်ဖို့ကြိုးစားတုန်းပါဘဲ။ 



အဲဒီတုန်းက တရုတ်ခေါင်းဆောင် ကျောက်ကျိယန်ကို ဖယ်ရှားပြီး ကျန်ဇီမင်းနဲ့ အစားထိုးခဲ့တယ်။ ပြီးတော့ 
ကျောက်ကျိယန်ကို တီယန်နန်မင် လူသတ်ပွဲကြီး ကိစ္စ ထုတ်ပြောမှာ စိုးလို့ နေအိမ်မှာ အကျယ်ချုပ်တောင် ချထားခဲ့တယ်။ အဲဒီလောက်ထိ ဖြစ်ရပ်မှန်သမိုင်းကို ပေါ်မှာ စိုးလို့ တရုတ် အာဏာပိုင်တွေက ပိတ်ဆို့ တား
မြစ် မှုတွေ လုပ်နေတာ အခုထိပါဘဲ။ အခုဆို တရုတ်နိုင်ငံက အင်တာနက်ကို ဆင်ဆာအပြင်းအထန်လုပ်ပြီး ဒီအကြောင်း အရိပ်အယောင်တောင် ပြောခွင့် မပြုပါဘူး။ 



ဆိုရှယ်မီဒီယာတခုဖြစ်တဲ့ ဖေ့စ်ဘုတ်ဆိုတာ တရုတ်နိုင်ငံမှာ သုံးလို့ မရပါဘူး။ 

( ခြွင်းချက်။ ။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကတော့ ဖေ့စ်ဘုတ်စာမျက်နှာ ရှိပြီး အဆက်မပြတ် တရုတ်သံရုံး လှုပ်ရှားမှုတွေကို ထုတ်ပြန်ပေးနေတယ်။ ) 

အင်တာနက်မှာ ဆင်ဆာ လုပ်ပုံက တရုတ်နည်းပညာရှင်တွေက တော်လိုက်တာ လွန်ပါရော။ တီယန်နန်မင် ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို မမေ့ကြတဲ့ တရုတ်ပြည်သူတွေက သင်္ကေတနဲ့ တမျိုး၊ အထာ စကားဝှက်နဲ့ တဖုံ အမျိုးမျိုး အောက်မေ့ဂုဏ်ပြုကြတယ်တဲ့။ 

ဥပမာ ... ဇွန် ၄ ဆိုတဲ့ စကားလုံးတွေ့တာနဲ့ တခါတည်း ဆင်ဆာ ထိပြီး အဲဒီ စကားလုံး မပေါ်တော့ဘူး။ ဒီတော့ တရုတ်ပြည်သူတွေက မေ ၃၅ လို့ အထာနဲ့ အင်တာနက်မှာ တင်တယ်။ နောက်ပိုင်း ဒါကိုလည်း သိတော့ လိုက်ပြီး ဆင်ဆာ ပိတ်ပြန်ရော။ 

ဒါပေမယ့် နည်းအမျိုးမျိုးနဲ့တော့ တရုတ်ပြည်သူတွေက ဒီလှုပ်ရှားမှုကြီးနဲ့ပတ်သက်ပြီး အောက်မေ့ဖွယ် အမှတ်တရတွေ အဖြစ်နဲ့ အချင်းချင်း အသိပေးပြီး သမိုင်းထဲက ဒီနေ့ကို လှုပ်နိုးနေတော့တာပါဘဲ။ 

လွန်ခဲ့တဲ့ ၂၅ နှစ်က တရုတ်ဒီမိုကရေစီလှုပ်ရှားမှုကြီးအတွင်းက မှတ်တမ်း ဓာတ်ပုံတချို့ကို ဖော်ပြပေး လိုက်ပါတယ်။ 











လင်းသန့် ~ 







0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved