ကိုယ်အလေးချိန် ပေါင် ၁၃ဝဝ ရှိတဲ့ ချစ်စရာ ကောင်းတဲ့ ဝက်ဝံ

Thursday, June 19, 2014

မိန်းကလေး တော်တော်များများက ဝက်ဝံကလေးတွေကို ချစ်ကြ၊ မြတ်နိုးကြမယ် ထင်ပါတယ်။ တချို့ 
ယောက်ျားလေးတွေလည်း အရုပ်ကြိုက်တာရှိပြီး ဝက်ဝံရုပ်ကလေးတွေလည်း ကြိုက်တာ ရှိတတ်ပါတယ်။


အရုပ်ဆိုင်တွေမှာဆို ဝက်ဝံရုပ်လေးတွေက အရမ်းရောင်းကောင်းတယ်လို့ ချင်းမိုင်က အရုပ် ပစ္စည်းတွေ လက္ကားဖြန့်သူ တဦးကလည်း ပြောပါတယ်။ တကယ်ပဲ ဝက်ဝံကို ချစ်လို့ ဝက်ဝံရုပ်ကို မြတ်နိုးကြတာလား ဆိုတာ မသေချာပါဘူး။ 

သက်ရှိဝက်ဝံဆိုရင် ပိုချစ်စရာကောင်းတာမျိုး ရှိသလို ကြောက်စရာ လည်း ကောင်းပါတယ်။ တလောက ပဲ မြန်မာနိုင်ငံမှာ အမျိုးသမီးတယောက် တောထဲသွားရင်း မျက်နှာကို ဝက်ဝံ ကုတ်လို့ ပျက်စီးသွားတာကို 
မြန်မာ ဆရာဝန်တွေက အောင်မြင်စွာပဲ ပြင်ဆင်ကုသပေးခဲ့ဖူးပါတယ်။ 

အခု ဗွီဒီယိုထဲမှာ မြင်ရမယ့် ပေါင် ၁၃ဝဝ ကိုယ်အလေးချိန်ရှိတဲ့ ဝက်ဝံ ကလည်း အိမ်မွေး ခွေးလေးလို သခင်ကို ကျီစယ်နေတာ ချစ်စရာပါ။ သူ့ကို လေ့ကျင့် သင်ကြားပေးခဲ့သူ သခင်ကလည်း စိတ်ရှည်ရှည် နဲ့ သေချာ လေ့ကျင့်ပေးခဲ့ရတာပါ။

  


အိမ့်သံစဉ် ~

 









 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved