ကျဆုံးတောင်ကိုရီးယားများ အမှတ်တရကျောက်တိုင်

Friday, June 6, 2014

 ~

 

  ရန်ကုန်မြို့ အာဇာနည်ကုန်း ဗုံးခွဲမှုမှာ သေဆုံးခဲ့တဲ့ တောင်ကိုရီးယားအစိုးရ ကိုယ်စားလှယ်အဖွဲ့များ အမှတ်တရ  အောက်မေ့ဖွယ်ကျောက်တိုင်ဖွင့်လှစ်တဲ့ အစီအစဉ်ကို သောကြာနေ့က ပြုလုပ်ခဲ့ပါတယ်။

 


  • (ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)

အာဇာနည်ဗိမာန် ဗုံးပေါက်ကွဲမှုဟာ ၁၉၈၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တာပါ။

 မြောက်ကိုရီးယား ဗုံးခွဲသူများ လုပ်ကြံမှုကြောင့် သေဆုံးခဲ့ကြသော တောင် ကိုရီးယား နိုင်ငံသားများ အတွက် အထိမ်းအမှတ်ကျောက်တိုင် သို့မဟုတ် အမှတ်အသားတခုကို ဆောက်လုပ်ရန် စီစဉ်နေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

၁၉၈၃ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က မြောက်ကိုရီးယား ကွန်မန်ဒိုများက

အဲဒီတုန်းက ရန်ကုန်ကိုလာတဲ့  တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်တို့ရဲ့အဖွဲ့ကို ဗုံးခွဲလုပ်ကြံခဲ့တာပါ။

မြောက်ကိုရီးယားကွန်မန်ဒိုတို့က အဲဒီနေရာမှာ ဗုံးထောင်ခဲ့တာပါ။ သမ္မတ အဲဒီနေရာကိုမရောက်ခင် ပေါက်ကွဲခဲ့တဲ့ ဗုံးတွေကြောင့် တောင်ကိုရီးယားထိပ်တန်းခေါင်းဆောင်တွေ၊ မြန်မာသတင်းသမားတွေ အများအပြား သေဆုံးပါတယ်။

ဗုံးထောင်သူတွေကို ရန်ကုန်မြို့ပြင်မှာ ဖမ်းမိပါတယ်။
ဒီအကြောင်း http://burma.irrawaddy.org/news/2012/05/09/9542.html မှာ ဖတ်နိုင်ပါတယ်။ မြန်မာအစိုးရက မြောက်ကိုရီးယားနဲ့ သံအဆက်အသွယ်ကို ချက်ချင်း ဖြတ်ပါတယ်။
၂၀၀၈ မှာ  မြောက်ကိုရီးယားနဲ့ သံတမန် ဆက်သွယ်မှု ပြန်ယူပြီး ပူးပေါင်းဆောင်ရွက်မှုတချို့ လုပ်ဆောင်ပါတယ်။ အဲဒီထဲ စစ်ဘက်ရေးရာကိစ္စများလည်း ပါဝင်မှာပါ။

၂၀၁၀ နောက်ပိုင်း မြန်မာဗိုလ်ချုပ်တွေ အရပ်ဝတ်လဲပြီး တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်၊ ဒီမိုကရေစီ ဖော်ဆောင်ပါတယ်။ ဒီလို ဖော်ဆောင်နေချိန်မှာ မြောက်နဲ့ ပူးပေါင်းဆောင်ရွက်မှုအသစ်တွေ မရှိပေမယ့် အဟောင်းတွေကိုတော့ ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။













.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved