ထိုင်းနယ်စပ်က မြန်မာဒုက္ခသည်များ ပြန်ပို့ရေး ဆွေးနွေးနေ

Wednesday, June 18, 2014

.


ထိုင်းနယ်စပ်မှာ နှစ်ပေါင်း ၃၀ နီးပါး ခိုလုံနေတဲ့ မြန်မာ ဒုက္ခသည်တွေကိုနေရပ်ပြန်ပို့ နိုင်ရေးအတွက်   ထိုင်း ပြည်တွင်း လုံခြုံရေးဌာနကနေ ကမကထပြု ပြီး ၃ ရက်ကြာမယ့်   ဆွေးနွေးပွဲတရပ်ကို အင်္ဂါနေ့က မဲဆောက်မြို့မှာ စတင်ခဲ့ပါတယ်။ 


ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက မဲဆောက်မှာစတင်ဖွင့်လှစ်တဲ့ အလုပ်ရုံဆွေးနွေးပွဲ။ ဓာတ်ပုံ-မန်းမျိုးမြင့်(မီဒီယာ) 

ဒီဆွေးနွေးပွဲကို ထိုင်းပြည်တွင်းလုံခြုံရေးဌာနက တာဝန်ရှိသူတွေ- မြန်မာ ဒုက္ခသည်စခန်းများတည်ရှိရာ နယ်စပ် ၄ ခရိုင်မှ ဒေသဆိုင်ရာ ကွက်ကဲရေးတပ်မှူးတွေ- ထိုင်းပြည်ထဲရေးဌာနက တာဝန်ရှိသူတွေ- UNHCR အပါအ၀င် ဒုက္ခသည်အရေးဆောင်ရွက်နေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ တက်ရောက် 
ဆွေးနွေးကြပါတယ်။ 

ဆွေးနွေးပွဲနောက်ဆုံးနေ့မှာ မြန်မာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး မပြန်ရေးဆိုတဲ့ ဆုံးဖြတ်ချက်တရပ်ကို ချမှတ်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။ 

ထိုင်း-မြန်မာနယ်စပ်လေးခရိုင်မှာ မြန်မာဒုက္ခသည်စခန်း ၉ ခုရှိပြီး မြန်မာဒုက္ခသည် ၁ သိန်းခွဲနီးပါး ခိုလုံနေ ပါတယ်။ 

အဲဒီမြန်မာဒုက္ခသည်တွေဟာ ထိုင်းနယ်စပ်မှာ၁၉၈၄ ခုနှစ်ဝန်းကျင်းကနေ စတင်ခိုလုံနေကြတာဖြစ်ပြီး အခုဆို ရင် ဆယ်စုနှစ် ၃ ခုနီးပါးရှိပြီလို့ - ဒီနေ့ဆွေးနွေးပွဲကိုတက်တဲ့ ထိုင်းတပ်မှူးတဦးကပြောပါ တယ်။ 

မြန်မာ့အရေးကို လေ့လာနေသူတွေကတော့ ထိုင်းဘက်ကပြုလုပ်တဲ့ မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ရေး ဆွေးနွေးပွဲကို သုံးသပ်ရမယ်ဆိုရင်တော့ မြန်မာဒုက္ခသည်တွေကို ထိုင်းဘက်က နေရပ်ပြန်ပို့ ဖို့ ဖြစ်နိုင်ခြေပို များသွားပြီလို့ သုံးသပ်ပြောဆိုကြပါတယ်။

မြန်မာဒုက္ခသည်တွေရဲ့ ကံကြမ္မာကိုတော့ ဒီအလုပ်ရုံဆွေးနွေးပွဲ နောက်ဆုံးနေ့မှာ - သိရမှာဖြစ်သလို-ဒီဆွေးနွေးပွဲကို ထိုင်းဘက်က အခုလို တက်သုတ်ရိုက်ပြီး လုပ်နေတာကိုလည်း ဘယ်လိုနားလည် ရမှန်း တောင် မသိတော့ဘူးလို့ ဒုက္ခသည်အရေးဆောင်ရွက်နေသူတွေက ပြောဆိုနေကြပါတယ်။ 


မန်းမျိုးမြင့် ( မီဒီယာ ) 










0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved