မဟာသန္တိသုခ သံဃာငါးပါးကို လူဝတ်လဲပြီး အင်းစိန်ထောင် ပို့

Friday, June 13, 2014

အင်အားသုံး ဖယ်ရှားခြင်း ခံခဲ့ရသည့် မဟာ သန္တိသုခကျောင်းတိုက် ဆရာတော်များအနက်မှာ ပီနန် ဆရာတော်ကြီး ဦးပညာဝံသ၏ တပည့်ရင်းဖြစ်သူ ဦးဥတ္တရ(အင်္ဂလန်)ဆရာတော်နှင့် သံဃာ ၄ ပါးကို ယနေ့တွင် တာမွေမြို့နယ် တရားရုံးသို့ ရုံးထုတ်လာပြီး လူဝတ်လဲကာ အင်းစိန်ထောင်သို့ ပို့ဆောင် လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ 



 “ ဒီနေ့ ရုံးထုတ်တယ်ကြားလို့ တာမွေ တရားရုံးကို လိုက်သွားတယ်။ ဟိုရောက်တော့ ရုံးထုတ်သွားပြီတဲ့။ ဦးဥတ္တရနဲ့ သံဃာ ၄ ပါး လူဝတ်လဲခံရတယ်ပြောတယ်။ ကျန်တဲ့ သံဃာတွေကိုတော့ ပြန်လွှတ်လိုက်တဲ့ သဘောပြောတယ်။ နောက်ရုံးချိန်းက ၂၀ ရက်နေ့ ။ တာမွေမှာပဲ ရုံးထုတ်လိမ့်မယ် ” ဟု တာမွေမြို့နယ် တရားရုံးသို့ သွားရောက်စုံစမ်းခဲ့သူ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့မှ ဦးပါမောက္ခက ဧရာဝတီသို့ မိန့်ကြားသည်။ 

ဦးဥတ္တရ(အင်္ဂလန်)အပါအ၀င် ဆရာတော် ၅ ပါးကို သာသနာတော် ညိုးနွမ်းစေမှုဖြင့် ရုံးထုတ်စစ်ဆေး ခဲ့ခြင်း ဖြစ်သည်။ 

ယင်းသတင်းနှင့် ပတ်သက်ပြီး ဧရာဝတီ၏ မေးမြန်းစုံစမ်းမှုများကို သက်ဆိုင်ရာ အာဏာပိုင်များက ဖြေဆို ရန် ငြင်းဆန်ခဲ့ကြသည်။ 








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved