ဂျာမနီနဲ့ ပေါ်တူဂီပွဲ ဘယ်ဘက်က အားပေးမလဲ

Monday, June 16, 2014

မိနစ်ပိုင်းအတွင်း ကန်တော့မယ့် ဂျာမနီနဲ့ ပေါ်တူဂီပွဲကို စောင့်နေရတာကိုက ရင်ခုန်စရာကောင်းနေပါပြီ။ 
မြန်မာ ပရိသတ် တွေက "ဒိုလေး"လို့ ခေါ်တဲ့ခရစ်စတီယာနိုရိုနယ်ဒို ကောင်းကောင်း ပြန်ကန်နိုင်ပါ့မလား။ 


ကြာသပတေးနေ့ လေ့ကျင့်ခန်းဆင်းတုန်းက ဘယ်ဒူးကို ရေခဲထုပ်အုပ်ပြီး ကွင်းက ထွက်ရတာကြည့်ရင် စိုးရိမ်စရာပါ။ ခြေစမ်းပွဲတွေ ကန်တုန်းက ခါးနဲ့ ဘယ်ဒူး ပြဿနာတွေ ခံစားခဲ့ရတယ်လို့ သတင်းတွေက ဆိုတယ်။ 

ပေါ်တူဂီအသင်းဝင်တွေက စိုးရိမ်စရာ မဟုတ်ဘူးလို့ ပြောနေပေမယ့် တိုက်စစ်မှူး ကပ္ပတိန် ဒဏ်ရာ ရနေတာ ပေါ်တူဂီအသင်း မန်နေဂျာ ပေါ်လိုဘန်တို အနေနဲ့ ဘယ်လိုမှ စိတ်အေးနိုင်စရာ မရှိပါဘူး။ 

တဘက်မှာလည်း ဂျာမနီအသင်း မန်နေဂျာ ဂျိုအာချင်လိုးကလည်း အလယ်တန်းလူ မာကိုရူးစ် ခြေကျင်း ဝတ်နာနေလို့ စိုးရိမ်နေပါတယ်။ 

ဒါပေမယ့် ကျန် ဂျာမနီအသင်းသားတွေကတော့ စိတ်ရောကိုယ်ပါ ပြိုင်ပွဲဝင်ဖို့ အသင့်ပဲလို့ ဆိုပါတယ်။ 
ပြိုင်ပွဲ ကတော့ အခုပဲ စပါတော့မယ်။ 







0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved