ထိုင်းလယ်သမားတွေ ပျော်နေကြရပြီ

Tuesday, June 3, 2014

ထိုင်းနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီက ထိုင်းလယ်သမားတွေကို အရင်အစိုးရက ပေးဖို့ ရှိတဲ့ စပါးကြွေးတွေကို အခု ထုတ်ပေးနေလို့ လယ်သမားတွေလည်း ပြုံးပျော်ရွှင်နေကြပါတယ်။ 

 လုပ်ငန်းခွင်ဝင်နေတဲ့ ထိုင်း လယ်သမား တဦး၊ ဓာတ်ပုံ- Saad Masood

ထိုင်း စိုက်ပျိုးရေး သမဝါယမ ဘဏ်ကနေ လယ်သမား စုစုပေါင်း ၃ သိန်းခွဲကို ပြီးခဲ့တဲ့အပတ်ကတည်းက သူတို့ရစရာ ရှိတဲ့ ငွေတွေကို ပြန်ထုတ်ပေးနေတာ အခုဆို ထိုင်း ဘတ်ငွေ ၃၅ ဘီလျံ လောက်ရှိပြီလို့ ဘန်ကောက်ပို့စ်က ရေးထားပါတယ်။ 

ထိုင်း စစ်ကောင်စီက လယ်သမားတွေရဲ့ စပါးကြွေးတွေပြန်ပေးဖို့ ထိုင်းဘတ်ငွေ ဘီလျံ ၉ဝ လျာထား တယ်လို့ သိရပါ တယ်။ 

အခု ကနဦး ဘီလျံ ၄ဝ ကို ဘဏ်ကို ပထမအရစ်အနေနဲ့ ထုတ်ပေးဖို့ ဗိုလ်ချုပ်ကြီး ပရာယုဒ်က အမိန့်ပေး ထားတာ ဖြစ်ပါတယ်။ နောက်ထပ် ဘတ်ငွေ ဘီလျံ ၅ဝ ကိုလည်း မကြာမီ ထပ်ထုတ်ပေးဖို့ စီမံထားတယ်လို့ ဆိုပါတယ်။ 

ထိုင်းစစ်ကောင်စီကတော့ လယ်သမားတွေရဲ့ အခက်အခဲနဲ့ နစ်နာမှုကို သိပြီး လျော်ကြေးငွေတွေကို အခုလိုပေးနေတာဖြစ် ပါတယ်။ တချို့ဝေဖန်မှုတွေကတော့ ထိုင်းစစ်ကောင်စီဟာ လယ်သမားတွေကို အခုလို အလျော်ပေးပြီး စည်းရုံးသိမ်းသွင်း လိုက်တာဖြစ်တယ်လို့လည်း သတင်းတချို့က ဆိုကြပြန်တယ်။ 

မစ္စယင်လတ်အစိုးရလက်ထက်က စပါးအကြွေးတွေပေးဖို့ ပျက်ကွက်ခဲ့လို့ လယ်သမားတွေလည်း မစ္စယင်လတ် အစိုးရကို ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ 

မြန်မာနိုင်ငံရဲ့ လူဦးရေ ၇ဝ ရာခိုင်နှုန်းကျော်က တောင်သူ လယ်သမားတွေဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် မြန်မာ လယ်သမားတွေဟာ သူတို့ရဲ့ လယ်မြေ၊ ယာမြေတွေလည်း အရင်စစ်အစိုးရလက်ထက် ကတည်းက သိမ်းဆည်းခံရမှုတွေ ကြောင့် လယ်ယာမြေဆုံးရှုံးမှုတွေ အမြောက်အများရှိနေကြတာပါ။ 

အိမ်နီးချင်းထိုင်းနိုင်ငံမှာ စစ်အစိုးရတက်တာ လယ်သမားတွေ ပြုံးပျော်ခွင့် ရကြပေမယ့် မြန်မာနိုင်ငံမှာ စစ်အစိုးရတက် တော့ လယ်သမားတွေ မျက်ရည်သုတ်၊ ဘဝပျက်နေရတာဆိုတော့ ကွာခြားချက်က ကြီးမား ပါတယ်။ 



အိမ့်သံစဉ် ~ 










1 comments :

  1. Anonymous said... :

    မြန်​မာမှာလည်း တပ်​က အာဏာပြန်​သိမ်းမယ်​.. သိမ်း​မြေ​တွေ ပြန်​​ပေးပြီး အိမ်​​တွေပါ ကား​တွေပါ ​လျော်​​ကြေးအဖြစ်​ ပြန်​​ပေးမယ်​.. လက်​ခံမလား.. လက်​မခံရင်​ ဒီအ​ပြောမျိုး ပါးစပ်​အား​နေရင်​​တောင်​ မ​ပြောနဲ့.. Comment ကို လက်​မခံရင်​ ဖျက်​ရင်​​တော့ မင်းတို့ ဘာလည်း ဆိုတာ ​ပြောပြတာနဲ့ အတူတူပဲ...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved