အဆိုပြိုင်ပွဲ အနိုင်ရ ခရစ်ယာန်သီလရှင်တပါး ကမ္ဘာကျော်သွား

Tuesday, June 17, 2014

အီတလီနိုင်ငံမှာ ကျင်းပတဲ့ မြန်မာနိုင်ငံက ဆိုကြမယ်၊ ပျော်ကြမယ်တို့ အိမ်မက်ဆုံရာတို့ ပုံစံမျိုး The Voice ဆိုတဲ့ သီချင်း ဆိုပြိုင်ပွဲမှာ ခရစ်ယာန် သီလရှင် Cristina Scuccia က အနိုင်ရသွားပါတယ်။့ သူ့ရဲ့ No One ဆိုတဲ့ သီချင်းကို ယူကျုမှာ ကြည့်မှုပေါင်းက သန်း ၅၀ ကျော်တောင် ရှိခဲ့တာပါ။ 





အခုလို ခရစ်ယာန်သီလရှင်တဦးဖြစ်ပြီး အနုပညာမှာ အောင်မြင်တာဟာ သူ့ရဲ့ ထူးခြားတဲ့ အရည်အချင်း တခုပါဘဲ။ 

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က သူ့ရဲ့ အနိုင်ရမှုနဲ့ပတ်သက်ပြီး အီတလီသတင်းဌာန တခုကို ပထမဆုံး ပြောဆိုတာ ကတော့ သူဟာ ဘဝမှာ ခရစ်တော်နဲ့ လောကသားတွေအတွက်ပဲ စိတ်ရှိပါတယ်တဲ့။ သူဟာ ၂၀၀၉ ခုနှစ်ကတည်းက သာသနာပြုခရီးကို စထွက်ခဲ့ရာမှာ ဘရာဇီးလ်ကိုလည်း ရောက်ခဲ့တယ်တဲ့။

  

သူ့ရဲ့ ပြိုင်ပွဲဝင် ခဲ့တာတွေထဲက တချို့ကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ အခုတော့ သူဟာ ယူကျုမှာလည်း လူသန်းချီပြီး အားပေးခံနေရသူဖြစ်ကာ ကမ္ဘာကျော်နေပါပြီ။

  


  


အိမ့်သံစဉ် ~
















0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved