နည်းပညာမြင့် လက်ပတ်နာရီ

Monday, June 9, 2014

 ~




 
စတိုင်လည်းကျ စမတ်လည်းကျတဲ့ နေ့စဉ် လှုပ်ရှားမှုဘဝလေးတွေကို ပိုင်ဆိုင်နိုင်ဖို့အတွက် Samsung ကနေ မကြာသေးခင်က ထုတ်လုပ်လိုက်တဲ့ Samsung Gear Fit နဲ့ Samsung Gear 2 တို့အကြောင်း ဒီတပတ်မှာ အနည်းငယ် မိတ်ဆက်ဖော်ပြပေးလိုပါတယ်။

လက်ပတ်နာရီတခုလို လက်မှာပတ်လို့ ဝတ်ဆင်နိုင်ပြီး လက်ပတ်နာရီ တခုထက်မကပိုတဲ့ စွမ်းဆောင်မှုတွေကို ရရှိအသုံးပြုနိုင်ပါလိမ့်မယ်။

 Samsung ရဲ့ ထုတ်ကုန်ပစ္စည်းတွေဖြစ်တဲ့ Galaxy S3, S4, S5, Note 2, Note 3, Note 8.0, Note 10.0 စတဲ့ ဖုန်းတွေ၊ တက်ဘလက်တွေနဲ့ တွဲဖက်ပြီး အသုံးပြုနိုင်သလို သူ့ချည်းပဲလည်း အသုံးပြုနိုင်ပါတယ်။

  • Samsung Gear 2

မျိုးဆက်သစ် Samsung Gear 2 ဟာ ဝတ်ဆင်တဲ့ နေရာမှာ လွတ်လပ်ပေါ့ပါးပြီး စတိုင်ကျကျနဲ့ သက်သောင့်သက်သာ ရှိစေပါတယ်။ အကောင်းစား သတ္တုကိုယ်ထည်နဲ့ ပြုလုပ်ထားပြီး 2Mp ကင်မရာ ပါဝင်ပါတယ်။ Home Screen ကို ဝတ်ဆင်သူစိတ်ကြိုက် ပြုပြင်နိုင်ပြီး လက်ပတ်ကြိုးကိုလည်း လဲလှယ်ဝတ်ဆင်နိုင်ပါတယ်။ နှလုံးခုန်နှုန်းကို တိုင်းတာနိုင်တဲ့  Heart Rate Monitor နဲ့ ကိုယ်လက်လှုပ်ရှားမှုကို စောင့်ကြည့်တိုင်းတာပေးတဲ့ Pedometer တွေ ပါဝင်တာမို့ ကျန်းမာရေးအတွက်လည်း အဖော်မွန်ကောင်းတခု ဖြစ်နိုင်ပါတယ်။ ရေနဲ့ ဖုန်ဒဏ်ခံနိုင်ရည် IP67 အဆင့် ရှိလို့ ရေစိုပျက်စီးမှုအတွက် သောကတွေလည်း လျော့နည်းစေမှာပါ။



မျက်နှာပြင်အရွယ်အစား 1.63 လက်မ ရှိပြီး 1.0 GHz Dual Core Processor ပါဝင်လို့  ၆၈ ဂရမ် အလေးချိန်ရှိပါတယ်။  ဘက်ထရီကတော့ Li-ion 300mAh ဖြစ်ပါတယ်။ သင့်ဆီ ဝင်လာတဲ့ ဖုန်းတွေ၊ မတ်ဆေ့ခ်ျတွေနဲ့ပတ်သတ်ပြီး သတိပေးချက်တွေ ပို့ပေးမှာဖြစ်သလို Watch on Remote စနစ်နဲ့လည်း  Music Player အဖြစ် အသုံးပြုနိုင်လို့ သီချင်းချစ်သူတွေအတွက် အဆင်ပြေစေပါသေးတယ်။

  • Samsung Gear Fit

ဒါကတော့ မျက်နှာပြင်အကွေးနဲ့မို့ ဝတ်ဆင်ရတာ ပိုပြီးသက်သောင့်သက်သာ ရှိစေပါတယ်။ ကျန်းမာရေး အထောက်အကူပြု Heart Rate Monitor နဲ့ Pedometer တွေပါဝင်ပြီး Super AMOLED မျက်နှာပြင်နဲ့မို့ touch screen ချစ်သူတွေ အကြိုက်ပါပဲ။ လက်ကောက်ဝတ်ပေါ်မှာ အံကျ ကွက်တိဖြစ်နေပြီး ဝတ်ထားမှန်းမသိရအောင် ပေါ့ပါးတဲ့ ခံစားမှုကိုလည်း ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။


မျက်နှာပြင်အရွယ်အစား 1.84 လက်မ ရှိပြီး အထူအပါးနဲ့ ၂၇ ဂရမ်သာ လေးပါတယ်။ ဘက်ထရီကတော့ Li-ion 210 mAh ဖြစ်ပါတယ်။ Gear 2 လိုပဲ ရေစိုဒဏ်၊ ဖုန်ဒဏ်ခံနိုင်ခြင်း၊ ဖုန်းအဝင်နဲ့ မက်ဆေ့ခ်ျတွေကို သတိပေးနိုင်ခြင်း၊ လက်ပတ်ကြိုး လဲလှယ်နိုင်ခြင်းတွေလည်း ပါဝင်ပါတယ်။

၂၁ရာစုရဲ့ နည်းပညာအသီးအပွင့်တွေ အများကြီးထဲက တခုဖြစ်တဲ့  Samsung Gear 2 နဲ့ Gear Fit တွေကို ဝတ်ဆင်အသုံးပြုပြီး ပိုပြီးဆန်းကြယ်တဲ့ စိတ်ကူးကမ္ဘာထဲ အရောက်လှမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved