ကြောင်တကောင်ကို ကယ်တင်ခြင်း

Saturday, June 28, 2014

အိမ်မွေး တိရိစ္ဆာန်တွေထဲမှာ ကြောင်ဟာ ချစ်စရာလည်း ကောင်းသလို အရမ်းလည်း ဆော့ တတ်ပါတယ်။ အခုဗွီဒီယိုထဲမှာ မြင်ရမယ့် ကြောင်က အတော် ကံကောင်းသလို အတော်လည်း အဆော့သန်မယ် ထင်ပါ တယ်။ 


ဒီဖြစ်ရပ်က ရုရှားနိုင်ငံမှာ ဖြစ်ခဲ့တာပါ။ ကားပိုင်ရှင်က ကီလို ၁ဝဝ လောက် အကွာအရောက် ဓာတ်ဆီဆိုင် တဆိုင်မှာ ခဏရပ်ခဲ့စဉ် သူ့ကားက ထူးထူးဆန်းဆန်း အသံကြားလို့  ကြည့်လိုက်တော့ အံ့သြစွာပဲ ကြောင် တကောင်က ကားနောက်ဘီး ဘော်ဒီအောက် အပိုထမ်းထားတဲ့ စပရင် ခွေထဲမှာ ရောက်နေတာ တွေ့ခဲ့ရ တာပါတဲ့။

ကားပိုင်ရှင်က သူ့ကားကို တနာရီ ကီလို ၁၃ဝ နှုန်းလောက်နဲ့ မောင်းတာကို ဒီကြောင်တကောင်က စပရင် ခွေထဲ  ရှိနေတာတောင် ဘာမှ မဖြစ်ခဲ့တော့ ဒီကြောင် ကံကောင်းတယ်လို့ ပြောပါတယ်။
ဒါနဲ့ ကား မက်ကင်းနစ်တွေလည်း စပရင်ကို ဖြုတ်ပြီး ကြောင် ကို ကယ်တင်လိုက်နိုင်ပါတယ်။




ဒီ ဗွီဒီယိုလေးဟာ အွန်လိုင်း လောကမှ လူကြည့်များတဲ့ ပို့စ်တခုလည်း ဖြစ်ပါတယ်။




အိမ့်သံစဉ် ~ 










0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved