C-String အမျိုးသမီးအတွင်းခံ ကြော်ငြာ

Saturday, June 21, 2014

တချိန်က အမျိုးသမီး အတွင်းခံ ဘောင်းဘီလောကမှာ နာမည်ကြီးခဲ့တဲ့ G-String ကို အသစ် ပေါ် လာ တဲ့ C-String က နေရာယူလာပါတော့မယ်။  C-String အမျိုးသမီး အတွင်းခံကလည်း အခု ဓာတ်ပုံမှာ မြင်တဲ့ အတိုင်းပါဘဲ။ ပုရိသတို့ အကြိုက် အမျိုးသမီး အောက်ခံဘောင်းဘီလို ပစ္စည်းမျိုးပါ။

ဓာတ်ပုံ- The Mirror

 အခု အသစ်တီထွင် ထုတ်လုပ်လိုက်တဲ့ C-String အမျိုးသမီး အတွင်းခံက ကွေးလွယ်ဆန့်လွယ်တဲ့ ဖိုင်ဘာ တမျိုးနဲ့ လုပ်ထားတာဖြစ်ပြီး အထူးသဖြင့် နေပူစာ လှုံချင်တဲ့ အမျိုးသမီးတွေအတွက် ကိုယ့်ခန္ဓာ ကိုယ်နဲ့ အသားအရေ ကို ပိုပြီး ဖော်ထားပေးတဲ့ ပစ္စည်းမျိုးပါ။ 


ပြီးခဲ့တဲ့ သတင်းပတ်မှာ နာမည်ကြီး အမေရိကန် တီဗွီ စတား တဦးဖြစ်တဲ့ မစ္စ Kendall Jenner က ပရိသတ်ကြား လူသိရှင်ကြားပထမဆုံး ဝတ်ပြခဲ့ပါတယ်။ အဲဒီနောက် ကုန်တိုက်တွေမှာ C-String ရောင်း အား က ချက်ချင်း တက်လာခဲ့တယ်လို့ The mirror သတင်းတပုဒ်မှာ ရေးပါတယ်။ 





အမျိုးသားတွေကလည်း C-String ကို သဘောကျလို့ သူတို့ရဲ့ အမျိုးသမီးတွေအတွက် လာဝယ်ကြတယ် တဲ့။ 


တချို့ အမျိုးသမီးတွေက သိပ်မကြိုက်လှဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် သုံးစွဲကြည့်ကြတဲ့အမျိုးသမီး အများစုကတော့ အခု အသစ်ပေါ်လာတဲ့ C-String ဟာ လွတ်လပ်တယ်၊ ပေါ့ပါးတယ်။ အဆင်ပြေ တယ်ဆိုပြီး သဘောကျသူတွေ များပါသတဲ့။ 




တချို့ကလည်း C-String ဝတ်ရတာ အဆင်မပြေဘူးလို့ ပြောဆိုနေပေမယ့် အမျိုးသားတွေက အမျိုးသမီး
တွေ ကို C-String ဝတ်တာကို သဘောကျနှစ်ခြိုက်တယ်လို့ ဆိုကြပါတယ်။ 

C-String နဲ့ ပတ်သက်ပြီး အမေရိကန် ဝေဖန်ရေးသမား တဦးကတော့ အခုလို မှတ်ချက်ပေးထားပါတယ်။

"Thank God we solved that mystery".   
       


 အိမ့်သံစဉ် ~













1 comments :

  1. Anonymous said... :

    Next is Z-string, Zero String!:-))

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved