သန္တိသုခသံဃာတွေ ပြန်လွတ်ဖို့ GW တောင်းဆို

Tuesday, June 17, 2014

  .

အင်းစိန်ထောင် ရောက်နေတဲ့ မဟာသန္တိသုခကျောင်းတိုက်က သံဃာတွေကို ပြန်လွတ်ဖို့ GW မျိုးဆက်သစ်လူငယ်များ အဖွဲ့က အစိုးရကို တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်ပါတယ်။

သံဃာတွေကို ဖမ်းဆီးပုံကလည်း ရာဇဝတ်ဂိုဏ်းကို "ဝင်ရောက်စီးနင်း"သလိုပဲ လို့ သူတို့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

 ကြေညာချက်ကို လေ့လာလိုသူများအတွက် ကူးယူ ဖော်ပြလိုက်ပါတယ်။

သံဃာတွေကို ဒီလို ဖမ်းဆီးသွားတဲ့အကြောင်း မီဒီယာမျိုးစုံမှာ ဒီရက်ပိုင်း ရေးသား ဖော်ပြ ထုတ်လွှင့်ကြပါတယ်။

မီဒီယာမှာ ရုတ်တရက် ပွက်လောရိုက်သွားပါတယ်။ NLD နဲ့ ၈၈ အဖွဲ့ရဲ့ ၄၃၆ ပြင်ဆင်ရေး သတင်းတွေ မှိန်သွားပါတယ်။ မဟာသန္တိသုခကို ၀င်ရောက်စီးနင်းစေခြင်းဟာ ၄၃၆ ကို အာရုံစိုက်မှု နည်းပါးသွားအောင် လုပ်ချင်လို့များလား ဆိုပြီး  သုံးသပ်သူ အများအပြား ရှိပါတယ်။
အခြေခံဥပဒေ   ပြင်မှာကို အစိုးရက စိုးရိမ်စရာတော့ သိပ်မလိုပါ။
ဘာကြောင့်လဲလို့ ဆိုတော့ ဗိုလ်ချုပ်ကြီးတွေခွင့်မပြုရင် အဲဒီ နာဂစ်အခြေခံဥပဒေကို ဘယ်လိုမှ ပြင်လို့ မရအောင် အစီအမံတွေ စနစ်ကျကျလုပ်ထားတာကြောင့်ပဲဖြစ်ပါတယ်။








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved