မြန်မာနိုင်ငံမှာ International Roaming ဖုန်း ဝန်ဆောင်မှု ပေးတော့မယ်

Friday, June 27, 2014

.

မြန်မာနိုင်ငံက မိုဘိုင်းဖုန်း သုံးသူတွေ နိုင်ငံခြား ထွက်ရင် လည်း ကိုယ့် မိုဘိုင်းဖုန်းကို တပါတည်း ယူသွားကာ နိုင်ငံတကာမှာလည်း ကိုယ့် ဖုန်းနဲ့ ဆက်သွယ်လို့ ရအောင် စီစဉ်နေပါပြီ။ တခါ နိုင်ငံတကာက လူတွေ အနေနဲ့ မြန်မာနိုင်ငံကို လာတဲ့အခါ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ မိုဘိုင်း တယ်လီဖုန်းတွေကိုလည်း အသုံးပြု လို့ရအောင် စီစဉ်နေပါပြီ။ 




ဒီအကြောင်း မြန်မာ့ဆက်သွယ်ရေးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။ 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း GSM/WCDMA မိုဘိုင်းတယ်လီဖုန်းများ Internatoinal Outbound Roaming Service အသုံးပြုနိုင်ရေးဆောင်ရွက်နေမှုအား ပြည်သူသို့ အသိပေးကြေညာချက်


၁ ။ မြန်မာနိုင်ငံ၏ GSM/WCDMA မိုဘိုင်းတယ်လီဖုန်းသုံးစွဲသူများသည် မိမိကိုင်ဆောင်ထားသောGSM/ WCDMA မိုဘိုင်းတယ်လီဖုန်းဖြင့် အခြားနိုင်ငံများသို့ ရောက်ရှိချိန်တွင်လည်းကောင်း၊ အခြားနိုင်ငံများ၏ GSM/ WCDMA မိုဘိုင်းတယ်လီဖုန်းကိုင်ဆောင်သူများသည် မြန်မာနိုင်ငံ သို့ ရောက်ရှိချိန်တွင်လည်း
ကောင်း၊ ဆက်သွယ်အသုံးပြုနိုင်မည့် International Roaming စနစ်ကို ဝန်ဆောင်မှုပေးနိုင်ရေး အတွက် ဆောင်ရွက်လျက် ရှိပါသည်။

၂ ။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ယခုအခါ အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၄၆ နိုင်ငံမှ Operator ၇၇ ဦး၏ မိုဘိုင်းဖုန်းသုံးစွဲသူများမှ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်း Network တွင် International Roaming လာရောက် သုံးစွဲနိုင်ပြီဖြစ်သည်။

၃ ။ အလားတူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းတယ်လီဖုန်းသုံးစွဲသူများ အခြားနိုင်ငံသို့ ရောက်ရှိ ချိန်တွင် မိမိ၏ မိုဘိုင်းဖုန်းဖြင့် အသုံးပြုနိုင်ရေးအတွက် စက်မှုပိုင်းဆိုင်ရာများ စမ်းသပ်ဆောင်ရွက်ပြီး စီးသော နိုင်ငံပေါင်း ၃၁ နိုင်ငံမှ Operator ၃၁ ဦး၏ မိုဘိုင်း Network တွင် (၂-၇-၂၀၁၄) ရက်နေ့မှ စတင်၍ International Outbound Roamingဝန်ဆောင်မှုပေးမည်ဖြစ်ပါသည်။ 

အသေးစိတ်အချက်အလက်များကို www.micit.gov.mm တွင်လည်းကောင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ Call Center  ဖုန်းအမှတ် ၁၈၇၆ တွင် လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။


၎ ။ International Roaming စနစ်သုံးစွဲလိုသော Postpaid မိုဘိုင်းဖုန်းသုံးစွဲသူများသည် မြန်မာ့ ဆက် သွယ် ရေးလုပ်ငန်း (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး)ရှိ ငွေလက်ခံကောင်တာများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်မန်နေဂျာရုံး၊ ငွေစာရင်းဌာနများတွင် သတ်မှတ်ထားသော ကြိုတင်ငွေပေးသွင်း ရန် လိုအပ်ပါမည်။

ကြိုတင် ငွေပေးသွင်းရန် အသေးစိတ်အချက်အလက်များကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ငွေစာရင်း ဌာန၏ ဖုန်းအမှတ် ၀၁-၂၄၆၂၄၈ တွင်စုံစမ်းမေးမြန်းနိုင်ပါသည်။

၅ ။ International Roaming စနစ်သုံးစွဲလိုသော Prepaid  မိုဘိုင်းဖုန်းသုံးစွဲသူများသည် မိမိသုံးစွဲလိုသည့် အခြေအနေအရ ကျသင့်မည့် ကုန်ကျစရိတ် ကိုခန့်မှန်းကာ ကြိုတင်၍ငွေဖြည့်ထားရန် လိုအပ်ပါမည်။ 

International Roaming ဖွင့်လှစ်နိုင်ရေး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရုံးချုပ်အခြေစိုက် မိုဘိုင်း ဆက် သွယ်ရေးစခန်း ရန်ကုန်မြို့သို့ ဆက်သွယ်ဆောင် ရွက်ရပါမည်။ 

အသေးစိတ်အချက်အလက်များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ရုံးချုပ်အခြေစိုက် မိုဘိုင်းဆက်သွယ်ရေး စခန်း၏ ဖုန်းအမှတ် ၀၁-၈၆၀၄၉၇၇ တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved