K-pop ချစ်သူတွေ အရူးအမူးဖြစ်ကြမယ့် အသုံးအဆောင်လေးတွေ

Sunday, June 15, 2014

 ~





ကိုးရီးယားဖက်ရှင် ဝတ်စားဆင်ယင်မှုတွေနဲ့ ယဉ်ပါးနေပြီဖြစ်တဲ့ ဒီနေ့ ခေတ်ရေစီးကြောင်းထဲမှာ မိမိကြိုက်နှစ်သက်တဲ့    K-pop အဖွဲ့ အဆိုရှင်တွေရဲ့ရုပ်ပုံ၊ အဖွဲ့နာမည် logo စာတန်း အစရှိတာတွေနဲ့ ရိုက်နှိပ်ထုတ်လုပ်ထားတဲ့ K-pop Accessories အသုံးအဆောင်ပစ္စည်းတွေကို အမှတ်တရအမြတ်တနိုး ဝယ်ယူသုံးစွဲလာကြတဲ့ယဉ်ကျေးမှုဟာ မြို့ပြနေ ကိုးရီးယားပေါ့ဂီတနှစ်သက်သူ K-pop crazy လူငယ် ကောင်လေး ကောင်မလေးတွေကြားထဲ ထွန်းကားကျယ်ပြန့် လာတာကို တွေ့မြင်နေရပါတယ်။
ခေါင်းအုံး တလုံး - ကျပ် ၈,၅ဝဝ (ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)

 နာမည်ကြီး K-pop အဖွဲ့တွေရဲ့ logo တွေ၊ ဓာတ်ပုံတွေ ပါရှိတဲ့ တီရှပ်၊ ကျောပိုးအိတ်၊ ရေဘူး စတဲ့ အသုံးအဆောင်ပစ္စည်းတွေကို အခုဆိုရင် Online Marketing လို့ခေါ်တဲ့ အွန်လိုင်းပေါ်ကနေတဆင့် အိမ်တိုင်ရာရောက်မှာပြီး ဝယ်ယူတဲ့စံနစ်၊ အွန်လိုင်း ပေါ်ကနေ ကတ်တလောက်ကြည့်ပြီးမှ ဆိုင်မှာ စိတ်ကြိုက်သွားရောက်ယူလို့ရတဲ့စံနစ် စသဖြင့် ဝယ်ယူလို့လည်း ရနေပါပြီ။

K-pop ရဲ့အရှည်က Korean Pop ဖြစ်ပြီး K-pop ဟာ အဆိုအက တွဲရက် မြူးမြူးကြွကြွ ကိုးရီးယား Electro Pop ဂီတ တေးသီချင်းတွေပဲဖြစ်ပါတယ်။ ဒီ K-pop ဂီတကိုတော့ မြို့ပြလူငယ် တော်တော်များများ အထူးသဖြင့် ဆယ်ကျော်သက် အရွယ် ကောင်လေး၊ ကောင်မလေးတွေ အထူးနှစ်သက်အားပေးကြပါတယ်။

တောင်ကိုးရီးယားနိုင်ငံရဲ့K-pop ဂီတဟာ နိုင်ငံတကာဂီတအမျိုးအစားတွေထဲမှာ လူငယ်ပရိသတ်တွေရဲ့ လက်ခံအားပေးမှုရရှိပြီး အောင်မြင်နေတဲ့ ဂီတအမျိုးအစားတခုဖြစ်ကာ အထူးသဖြင့် အရှေ့အာရှက လူငယ်တွေကြားမှာ  ဝတ်စားဆင်ယင်မှု ဖက်ရှင်ပုံစံ၊ ရုပ်ရည်အသွင်အပြင်ဒီဇိုင်း၊ ဆံပင်စတိုင်နဲ့ အကပညာတွေမှာ K-pop ရဲ့ လွှမ်းမိုးမှုက အတော်လေး တာသွားနေတာတွေ့ရမှာပါ။

မြန်မာနိုင်ငံမှာဆိုရင်လည်း EXO, Big Bang, 2PM, 2NE1, Girl Generation အစရှိတဲ့ K-pop အဖွဲ့ပေါင်းများစွာကို အားပေးကြတဲ့ ပရိသတ်တွေဦးရေက လုံးဝ အခိုင်အမာပါပဲ။ EXO အဖွဲ့ကိုတော့ ၁၃၊ ၁၄နှစ်အရွယ် ဆယ်ကျော်သက် ကောင်လေး၊ ကောင်မလေးတွေက သဲသဲလှုပ်အသည်းစွဲ ကြိုက်ကြတယ်လို့ သိရတယ်။ Big Bang, 2PM, 2NE1, Girl Generation စတဲ့ အဖွဲ့တွေကတော့ ၁၈၊ ၁၉၊ ၂၀ ဝန်းကျင် လူငယ်ကောင်မလေးတွေရဲ့ အသည်းစွဲပါ။

ဒီတပတ်မှာတော့ ဧရာဝတီ ခေတ်ရေစီး စာဖတ်ပရိတ်သတ်တွေထဲက K-pop ချစ်သူ ကိုးရီးယားခရေဇီ လူငယ်တွေအတွက် နာမည်ကြီး ဒိတ်ဒိတ်ကြဲ K-pop အဆိုတော်ပုံတွေပါတဲ့ ခေါင်းအုံး၊ ကျောပိုးအိတ်၊ ဦးထုတ်၊ ရေဘူး၊ ပိုက်ဆံအိတ်၊ လက်ပတ်နာရီ အစရှိတာတွေကို ဖော်ပြပေးလိုက်ပါတယ်။

 
ကျပ် ၈,ဝဝဝ

ကျပ် ၉,ဝဝဝ

ကျပ် ၁၂,၅ဝဝ

ကျပ် ၁၄,၅ဝဝ


ကျပ် ငါးသောင်း

  • ပုံမှာပြထားတဲ့ K-pop ပစ္စည်းတွေရဲ့ ဈေးနှုန်းနဲ့ အချက်အလက်တွေကိုတော့ ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးဈေးလမ်း (အပေါ်ဘလောက်) မှာရှိတဲ့ Yangon Mart မှာ သွားရောက်ရိုက်ယူထားတာဖြစ်ပါတယ်။

သီဟတိုး

http://blog.irrawaddy.org/2014/06/k-pop.html
http://blog.irrawaddy.org/2014/06/k-pop_9.html
 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved