Microsoft နဲ့ လုပ်ငန်းတချို့တွဲလုပ်မယ့် Ooredoo မြန်မာ

Wednesday, June 18, 2014

 ~



Microsoft နဲ့ လုပ်ငန်းတချို့တွဲလုပ်မယ်လို့ Ooredoo မြန်မာ ဆက်သွယ်ရေး  ကုမ္ပဏီက အင်္ဂါနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။

 



  •   ရန်ကုန်မှာ တွေ့ရတဲ့  Ooredoo ရဲ့ မိတ်ဆက်ပွဲတခု မြင်ကွင်း (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)

Microsoft နှင့် Ooredoo မြန်မာ တို့ သဘောတူညီ လက်မှတ် ရေးထိုး အပြီးတွင် Microsoft ၏ DreamSpark နှင့် BizSpark အစီအစဉ်များ http://www.microsoft.com/bizspark/ ကို Ooredoo မြန်မာ၏ IdeaBox အစီအစဉ်များတွင် ပါဝင်လျှက်ရှိသော စွန့်ဦးတီထွင်သူများ၊ သတင်းအချက်အလက် ဆက်သွယ်ရေး နည်းပညာ နယ်ပါယ်မှ ပညာရှင်များ၊ developer များ၊ ညွှန်ကြားပြသသူများ နှင့် ရင်းနှီး မြှပ်နှံသူများ အားလုံး အသုံးပြု နိုင်တော့မည် ဖြစ်သည်။

ဤ သဘောတူညီချက် သည် Ooredoo မြန်မာ ၏ IdeaBox အစီအစဉ်များ တွင် ပါဝင် လျှက်ရှိသော အထက်ပါ ပညာရှင်များ အားလုံးကို စွမ်းအား မြှင့်တင် ပေးလိုက်ခြင်းပင်ဖြစ်သည်။

ပြီးခဲ့သော လများ အတွင်း က Ooredoo မြန်မာ ၏ IdeaBox အစီအစဉ်များ ကို မြန်မာပြည် အတွင်းတွင် အရှိန်အဟုန်မြင့်စွာ ဆောင်ရွက်လာ သည်ကို တွေ့ရသည်။ တိုင်းပြည်၏ ပထမဦးဆုံးသော နည်းပညာ ပြိုင်ပွဲဖြစ်သည့် Hackathon ဟူသည့် လူမှု ပတ်ဝန်းကျင် အတွင်းတွင် ရင်ဆိုင် ကြုံတွေ့နေသော အခက်အခဲများကို နည်းပညာ အားဖြင့် အဖြေရှာသည့် ပြိုင်ပွဲ မှရသော အပြုသဘောဆောင်သော ရလဒ်များ ဖြစ်ထွန်း ပေါ်ပေါက် လာစေခြင်း ၊ MobileMonday အစီအစဉ်များ ကို ပုံမှန် ကျင်းပခြင်းဖြင့် မြန်မာနိုင်ငံ ရှိ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေး နည်းပညာ နယ်ပါယ်မှ ပညာရှင်များ တစ်ဦး နှင့် တစ်ဦး အပြန်အလှန် ဆွေးနွေး ဖလှယ်နိုင်ခြင်း နှင့် ပြည်တွင်းရှိ သတင်း အချက်အလက် နှင့် ဆက်သွယ်ရေး နည်းပညာ နယ်ပါယ် ရှိ ပညာရှင်များကို မြေတောင်မြှောက်၍ အရည်အချင်းများကို ပိုမို စွမ်းအားမြှင့်တင် သော အစီအစဉ်များ စသဖြင့် ဆောင်ရွက် လျှက်ရှိသည်။

ယခု Microsoft နှင့် Ooredoo မြန်မာ တို့၏ သဘော တူညီမှု အပြီးတွင် ကမ္ဘာကျော် Software ကုမ္ပဏီကြီး ဖြစ်သည့် Microsoft ၏ DreamSpark နှင့် BizSpark အစီအစဉ်များက တစ်ဆင့် ပေးသော အသုံးတည့်သည့် နည်းလမ်းများ နှင့် ၀န်ဆောင်မှုများကို Ooredoo မြန်မာ ၏ IdeaBox အသိုင်းအ၀ိုင်း သည် လက်တွေ့ အကျိုးခံစား ရတော့မည် ဖြစ်သည်။

BizSpark အစီအစဉ် သည် ကမ္ဘာအရပ်ရပ် မှ နည်းပညာ နယ်ပယ်သား များအား ပရိုဂရမ်များကို တီထွင်ခြင်းများ နှင့် အကောင်အထည်ဖေါ်ခြင်းများ အတွက် cloud နည်းပညာကို သင်ယူ ရရှိစေခြင်း၊ software များ ၊ developer နည်းလမ်းများ၊ အထောက်အကူ ပြုခြင်းများ ကို ပေးလျှက် ရှိသည်။ အင်တာနက် ပေါ်ရှိ Window စတိုးဆိုင်များ သို့ အခမဲ့ ၀င်ရောက်၍ Software များ အသုံးပြုနိုင်ခြင်း နှင့် ကမ္ဘာ့ BizSpark အသိုင်းအ၀ိုင်း နှင့် အရောတ၀င် ဆွေးနွေး နိုင်ခြင်း တို့သည် တီထွင် စမ်းသပ်ထားသည့် စီးပွါးရေး လုပ်ငန်းသစ်များကို စံချိန်စံနှုန်းများ အချိန်မှီ အလျှင်အမြန် ပြည့်မှီ စေသည်။

တဖန် Microsoft ၏ DreamSpark အစီအစဉ် သည် မျိုးဆက်သစ် လူငယ် စွန့်ဦးတီထွင် သူများအတွက် ဖြစ်ပြီး ကျောင်းသားများ ၊ သင်ကြား လေ့ကျင့် ပေးသူများ နှင့် စာပေပညာသင်ကြားရေး ဆိုင်ရာ အဖွဲ့အစည်းများ တက္ကသိုလ်များကို  အထောက်အပံ့များ ပေးလျှက် ရှိသည်။ DreamSpark အစီအစဉ် ၏ အမျိုးမျိုး ကွဲပြား ခြားနားသော အရင်းအမြစ်များကို သင်ကြားပြသသူများ ကို ပေးခြင်းဖြင့် သင်ခန်းစာများ သည် စိတ်ဝင် စားဖွယ်ရာ ၊ အားတက်ဖွယ်ရာ ၊ ထိုက်သင့် လျှော်ကန် ဖွယ်ရာများ ဖြစ်လာသည်။ လက်တွေ့ အသုံးချနိုင်ပြီး အသက်မွေးမှု လုပ်ငန်း အနေနှင့် လုပ်ကိုင်နိုင်သော developer များအသုံးချ softwareများ နှင့် နည်းလမ်းများကို ကျောင်းသား များကို ပေးခြင်းဖြင့် ကျောင်းသားများသည် တီထွင်ခြင်းများ ပိုမို ပြုလုပ်နိုင်ပြီး နည်းပညာ နယ်ပါယ်တွင် ထိုးဖောက် ကျော်ဖြတ်ခြင်းများ ကို ဖန်တီးလာ နိုင်မည်ဖြစ်သည်။

Ooredoo မြန်မာ ၏ အလုပ် အမှုဆောင် အရာရှိချုပ် Ross Cormack က တရားဝင် မိတ်ဖက်ခြင်းကို လက်မှတ် ရေးထိုးရာတွင် လက်တွဲ ပူးပေါင်း ဆောင်ရွက်ခြင်း၏ အကျိုးကို အသားပေးပြီး “ကျွန်တော်တို့ အဖွဲ့အစည်း နှစ်ခုလုံးဟာ တကယ်တော့ ဆက်သွယ်ရေး ကုမ္ပဏီ တွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကွန်ရက် ဖြန့်ကျက်ရာမှာ နည်းပညာ အကြီးအကျယ် တိုးတက် ပြောင်းလည်မှု အပေါ်က နေရလာတဲ့ ကောင်းကျိုးတွေကို  မြန်မာ ပြည်သူလူထု ခံစားနိုင်စေဖို့ ဆိုတဲ့ တန်ဖိုးကို အတူ မျှဝေခံစား ကြမှာဖြစ်ပါတယ်။” ဟု ပြောကြား လိုက်ပါသည်။

Microsoft ၏ အာရှ ပစိဖိတ် ဆိုင်ရာ ဥက္ကဌ César Cernuda သည်လည်း ဤ လက်တွဲ ပူးပေါင်းမှုက ရရှိ လာနိုင်မည့် အကျိုး ကျေးဇူးများ အတွက် အကောင်းမြင်သော အနေအထား တွင်ရှိရာ ၊ ၄င်းက “ အာရှ ရဲ့ စီးပွါးရေး မှာ မြန်မာနိုင်ငံ ဟာ အဓိက နေရာဖြစ်လာဖို့ အတွက် အကြီးအကျယ် အလားအလာရှိ ပါတယ်။ ကျွန်တော် တို့ အနေ နဲ့ နယ်ခံ တိုင်းသူပြည်သား တွေ သင့်တော်တဲ့ အရည်အချင်း တွေ ပြည့်ဝလာပြီး တချိန်တည်းမှာပဲ  သူတို့ အတွက် အခွင့်အလမ်း တွေ အများကြီးရှိလာ နိုင်ပြီး ဒီ နယ်မြေကနေ ကြီးပွါးတိုးတက်ဖို့ နည်းပညာ အစီအစဉ်တွေ နဲ့ အခုလို ကူညီရတာ အင်မတန် ဂုဏ်ယူပါတယ်။”ဟုပြောကြားသွားပါသည်။

Microsoft နှင့် Ooredoo မြန်မာ အကြား ယခု ကဲ့သို့ လက်တွဲ ပူးပေါင်းခြင်းသည် DreamSpark နှင့် BizSpark  အစီအစဉ်များသာ မက၊ နောင်တွင် ကုမ္ပဏီ နှစ်ခု ပူးပေါင်းပြီး သတင်း အချက်အလက် နှင့် ဆက်သွယ်ရေး နည်းပညာ ကို အသားပေးသော အခြား အစီအစဉ်များကို လည်း ဆောင်ရွက်သွားဖို့ရှိသည်။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved