Miss Universe Myanmar ပြိုင်ပွဲဝင်သူများနဲ့ ပုဂံဒေသ ကလေးငယ်များ

Tuesday, June 24, 2014

.





ဒီနှစ်အတွက် မြန်မာ မယ်စကြာဝဠာလောင်းလျာရွေးချယ်ပွဲ ဝင်မယ့်သူတွေ ပုဂံဒေသ ရောက်နေကြပါတယ်။
သူတို့ ပုဂံ  ဇေတဝန်ကျောင်းတိုက်မှာ ရှိတဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို သွားပြီး ကလေးများနဲ့ ပျော်ပျော်ပါးပါး ကစားနေကြပုံတွေကို အင်္ဂါနေ့မှာ အွန်လိုင်းတင်ပါတယ်။

 Miss Universe
Myanmar 2014 လို့ အမည်ပေးထားတဲ့ ပြိုင်ပွဲကို ၀င်ရောက်ဖို့ ရွေးချယ်ခံထားရတဲ့ သူတို့တွေ စုပေါင်း ခရီးထွက်နေကြတာပါ။ မကြာခင် ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတဲ့ ဖူးခက်ခရိုင်ကို ဆက်လက် ချီတက်ဖွယ် ရှိပါတယ်။

ပုံတွေကို 
Miss Universe Myanmar 2014  ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ယူပါတယ်။

ပြိုင်ပွဲနေ့ - ဇူလိုင် ၂၆
ပြိုင်ပွဲ နေရာ - ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ
ပြိုင်ပွဲကော်မတီလိပ်စာ -  www.missuniversemyanmar.com

ဆက်စပ်
http://blog.irrawaddy.org/2014/06/blog-post_18.html


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved