ထိုင်းအလှမယ်ကို သရဖူပြန်သိမ်း

Tuesday, July 22, 2014

 ~


 
ထိုင်းနိုင်ငံ Miss Universe Thailand ပြိုင်ပွဲ ဆုရတဲ့ အလှမယ် နောက်တယောက် သူ့ သရဖူ ပြန်အပ်လိုက်ရပါပြီ။
 
သူ့နာမည်က Sunnanipa Namphet Krissanasuwan


Thai PBS, Bangkok Post သတင်းတွေကို ကိုးကား ရေးသားရရင် ... ပြိုင်ပွဲကော်မတီ ရဲ့ ပြီးခဲ့သောရက်ပိုင်း ထုတ်ပြန်ချက်မှာတော့ သရဖူ ရုပ်သိမ်းရခြင်း အကြောင်းရင်းကို မတွေ့ရပါ။

ထုတ်ပြန်ချက်မှာတော့ ရက်စွဲတပ်ထားတာက ဇူလိုင် ၁ဝ။

ကော်မတီဝင်တယောက် ပြောတာကတော့ အဲဒီရက်စွဲက သရဖူရုပ်သိမ်းမှုကိုသိရှိကြောင်း အလှမယ် လက်မှတ်လာထိုးတဲ့ရက်စွဲလို့ ဆိုတယ်။

ဖေ့စ်ဘုတ်အပါအ၀င် အွန်လိုင်း လူမှုကွန်ရက်တွေမှာတော့ ဒီအလှမယ်ရဲ့ ဓာတ်ပုံ အများအပြား ပွဲဆူနေတာပါ။
ဒီပုံတွေက အလှမယ်တယောက်အတွက်တော့ မသင့်တော်ဘူးလို့ ဝေဖန်ခံနေရပါတယ်။


အလှမယ်ကတော့ ကားထဲ ရိုက်ထားတဲ့ပုံတွေဟာ မယ်ပွဲ မ၀င်ခင် ကတည်းက ကြော်ငြာတခုအတွက် ရိုက်ထားတာဖြစ်တယ် - ဓာတ်ပုံဆရာတွေအများကြီးရှေ့မှာ ရိုက်တာလို့ ပြန်ရှင်းပါတယ်။

သူ့ရည်းစားရဲ့ပေါင်ပေါ်ထိုင်နေပုံများလည်း ပါဝင်ပါတယ် တဲ့။
စာဖတ်သူတယောက်ကတော့ ... ရည်းစားပေါင်ပေါ်ထိုင်တာ ဘာဖြစ်လဲ၊ ပြိုင်ပွဲကာလအတွင်း အမျိုးသားပရိသတ်အများအပြားရှေ့မှာတော့ လက်တ၀ါးစာရေကူးဝတ်စုံနဲ့ လမ်းလျှောက်ပြရတာပဲ လို့ မှတ်ချက်ချပါတယ်။

Miss Universe Thailand ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ အလှမယ်လည်း မယ်ဘွဲ့ စွန့်ခဲ့ရပြီးပါပြီ။ လွန်ခဲ့သောလကပါ။



  • ပြီးတော့ ရှပ်နီနိုင်ငံရေးအင်အားစုကို  ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ စကားလုံးတွေ သုံးခဲ့မိခြင်း http://blog.irrawaddy.org/2014/06/blog-post_10.html

အစရှိတဲ့ဖြစ်ရပ်တွေနောက်ပိုင်း သရဖူ စွန့်ရပါတယ်။

ဝေဖန်ဖို့ စဉ်းစားဖို့ ဆင်ခြင်ဖို့ကောင်းတဲ့ ဖြစ်ရပ်တွေလို့ ဆိုရမှာဖြစ်ပါတယ်။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved