ပြန်ကြားရေးနဲ့ ကျန်းမာရေး ဝန်ကြီးတွေကို ရာထူးမှ နုတ်ထွက်ခွင့် ပြု

Tuesday, July 29, 2014

ပြန်ကြားရေးဝန်ကြီးဦးအောင်ကြည်နှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင် တို့ကို ရာထူးမှ နုတ် ထွက် ခွင့်ပြုကြောင်း ဇူလိုင်လ ၂၉ ရက်နေ့ည ပိုင်းသတင်းမှာ ကြေညာပါတယ်။ 



သမ္မတဦးသိန်းစိန်က ပြန်ကြားရေးဝန်ကြီးဦးအောင်ကြည်နှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင် တို့ ၂ ဦးကို ရာထူးမှ နုတ်ထွက် အနားယူခွင့်ပြုလိုက်ကြောင်း ယနေ့ ည ၈ နာရီ အစိုးရ ရုပ်မြင်သံကြားသတင်း ဌာနက ကြေညာသွားသည်။ သမ္မတဦးသိန်းစိန်သည် ၀န်ကြီးများ နှင့် ဒုဝန်ကြီးများ ဖယ်ရှားရာတွင် မိမိဆန္ဒ အရ ရာထူးမှ နုတ်ထွက်ခွင့်ပြုသည်ဆိုသော စကားရပ်ကိုသာ အများဆုံး သုံးစွဲလေ့ရှိသည်။

ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဆိုက်တွင် ဖော်ပြတဲ့ အမိန့်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
 နိုင်ငံတော်သမ္မတရုံး 

အမိန်.အမှတ် ( ၁ရ/၂၀၁၄ ) 

 ၁၃ရ၆ ခုနှစ်၊ ၀ါခေါင်လဆန်း(၃)ရက် ( ၂၀၁၄ ဇူလှိုင်လ (၂၉) ရက် )

 ပြည်ထောင်စုဝန်ကြီးများ ရာထူးမှနှုတ်ထွက်ခွင့်ပြုခြင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ.စည်းပုံ အခြေခံဥပဒေပုဒ်မ၂၃၅၊ ပုဒ်မခွဲ(ခ) နှင့် ပြည်ထောင်စုအစိုးရအဖွဲ.ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ (က)တို.ပါ ပြဌာန်းချက်များအရ အောက်ဖော်ပြပါ ပြည်ထောင်စုဝန်ကြီးများအား ၄င်းတို.၏ သဘော ဆန္ဒအလျောက် ရာထူးမှနှုတ်ထွက်ခွင့်ပြုလိုက်သည်။ 

 (၁) ဦးအောင်ကြည် ပြန်ကြားရေးဝန်ကြီးဌာန၊ 

(၂) ဒေါက်တာဖေသက်ခင် ကျန်းမာရေးဝန်ကြီးဌာန၊ 

 (ပုံ) သိန်းစိန်

 နိုင်ငံတော်သမ္မတ

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 










0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved