~
မန္တလေးရွှေမြို့တော်ကနေ နောက်ထပ် အဆိုတော်တယောက် ထပ်ထွက်လာခဲ့ပြန်ပါပြီ။ သူကတော့ ရဲရဲသဏ္ဌာန် ဖြစ်ပါတယ်။
သူ့ရဲ့ တကိုယ်တော် တေးစီးရီးဖြစ်တဲ့ ဂျိုကာ Audio CD မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ရှိ မဟာဗနုလပန်းခြံလမ်းရှိ Orchid Hotel မှာ ဇူလိုင် ၁၈ ရက် သောကြာနေ့ နေ့လယ် ၁၂ နာရီအချိန်က ကျင်းပခဲ့ပါတယ်။
တေးရေးဆရာတွေဖြစ်တဲ့ စိုင်းခမ်းလိတ်၊ ရွှေဂျော်ဂျော်၊ ဇ၀ါ၊ ဆောင်းဦးလှိုင်၊ Nine One၊ X Box၊ အောင်ကြီး (GREEN PLANET)၊ AKS၊ ၀ိုင် (GXY) တို့က ရေးသားထားကြပြီး
ရဲရဲသဏ္ဌာန် ကိုယ်တိုင်လည်း သီချင်း ၃ ပုဒ် ရေးဖွဲ့ထားပါတယ်။
Featuring တွေအဖြစ် မြင့်မြတ်၊ Nine One၊ သိန်းလင်းစိုး၊ X Box၊ ကြိုးကြာ၊ ရတနာမိုင် တို့က သီဆိုပေးထားပါတယ်။ Pop သီချင်း အမျိုးအစားတွေ ဖြစ်ပါတယ်။
“ကျနော်က လူတိုင်းကို ပျော်ရွှင်မှုတွေ ပေးချင်တယ်။ စိတ်မဆင်းရဲစေချင်ဘူး။ လူတိုင်းကို ပျော်စေချင်တဲ့အတွက် ဂျိုကာလို့ ပေးဖြစ်တာပါ”
လို့ ဂျိုကာ ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။
ဂျိုကာ တေးစီးရီး ဖြစ်ဖို့အတွက် အချိန်တနှစ်ကျော် ကြာခဲ့ပြီး သီဆိုနိုင်ဖို့အတွက်ကိုလည်း ဆရာမ ခင်မြတ်မွန်ဆီမှာ အကူအညီ တောင်းခဲ့ရတယ်လို့ ပြောပါတယ်။
နယ်ကလာပြီး လုပ်ရတဲ့အတွက် အခက်အခဲ ရှိတယ်လို့ ဆိုပါတယ်။
အဲဒီအခက်အခဲတွေကို မခင်မြတ်မွန်တို့ကပဲ ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။

ဂျိုကာ တေးစီးရီးမှာ သီချင်း ၁၅ ပုဒ်ပါဝင်ပြီး၊ ၈ လပိုင်း ၃ ရက်နေ့မှာ Bo Bo Music က ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။
မဟာရန်ကုန်အတွက် ပရိုမိုးရှင်းပွဲကိုတော့ သြဂုတ်လ ၃ ရက်နေ့မှာ လှည်းတန်း စိန်ဂေဟာမှာ နေ့လယ် ၂ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပေးသွားမှာ ဖြစ်ပါတယ်။
မန္တလေးမြို့မှာတော့ သြဂုတ်လ ၁၀ ရက်နေ့မှ ပရိုမိုးရှင်းပွဲ ပြုလုပ်မယ်လို့ သိရပါတယ်။
ဒေါ်လာဦး
ဇူလိုင် ၂၈ ရက်နေ့ထုတ် အလင်းတန်းဂျာနယ်မှာ ဖော်ပြထားတဲ့
ရဲရဲသဏ္ဌာန်ရဲ့ ဂျိုကာ တေးစီးရီးသစ် ဆိုတဲ့ သတင်းကို ကူးယူ ဖော်ပြပါတယ်။
.

0 comments :
Post a Comment