ခင်ပွန်းလောင်းအတွက် ဆုပန်ထွာရဲ့ မွေးနေ့လက်ဆောင်

Thursday, July 3, 2014

သရုပ်ဆောင် ဆုပန်ထွာဟာ သူ့ရဲ့ ခင်ပွန်းလောင်း ကိုဥက္ကာကျော်ရဲ့ မွေးနေ့ အကြိုအဖြစ် အနက်ရောင် ကား အကောင်းစား တစီး လက်ဆောင် ဝယ်ပေးခဲ့ပါတယ်။

ဓာတ်ပုံ- ဥက္ကာကျော် ဖေ့စ်ဘုတ်

ဒီအကြောင်းနဲ့ပတ်သက်ပြီး ကိုဥက္ကာကျော်က သူ့ဖေ့စ်ဘုတ်မှာ သူဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူ လို့ အခုလို ရေးထားပါတယ်။
  
"My fiancé bought this pre birthday present for me. Thank you so much baby Nge. — feeling luckiest man in the world... with Supan Htwar. "

ဆုပန်ထွာရဲ့ ခင်ပွန်းလောင်း ကိုဥက္ကာကျော်အတွက် မွေးနေ့လက်ဆောင် ကား



 လွန်ခဲ့တဲ့ လအနည်းငယ်ကတော့ ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာတို့ စေ့စပ်ကြောင်းလမ်းတဲ့ ကိစ္စဟာ လူ စိတ်ဝင်စားမှု အများဆုံး ဖြစ်ခဲ့ရပါတယ်။ 

ဝေဖန်မှုတွေ၊ အပြန်အလှန် ကြေညာချက် ထုတ်ပြန်တာ သတိပေးတာတွေနဲ့ အတော်ပဲ ပွဲဆူခဲ့လို့ပါ။ 

အဲဒီနောက်ပိုင်း ကိုဥက္ကာကျော်ဟာသူ့ ဖေ့စ်ဘုတ်အကောင့်ကို ပိတ်သိမ်းထားခဲ့ရာက မကြာသေးခင် ရက်ပိုင်းကပဲ ပြန်လည် အသုံးပြုလာတာဖြစ်ပါတယ်။ 

မင်းသမီးက မွေးနေ့ လက်ဆောင် ကား အကောင်းစား တစီး ခင်ပွန်းလောင်းကို ဝယ်ပေးတယ်ဆိုတော့ အားလုံး အေးအေးဆေးဆေး ဖြစ်နေပြီလို့ ယူဆလို့ ရပါတယ်။ 


အိမ့်သံစဉ် ~ 



















0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved