ရှေးခေတ်ထိုင်းစစ်သားတွေရဲ့ ခေတ်သစ်လက်နက်တွေ ဖယ်ရှားခံရ

Wednesday, July 2, 2014


.



ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Wat Chedi Luang လို့ ခေါ်တဲ့ ဘုန်းကြီးကျောင်းရှိ နံရံဆေးရေးပန်းချီကားများပေါ်က ရှေးခေတ် ထိုင်း စစ်သည်တော်တို့ ကိုင်စွဲထားတဲ့ ခေတ်သစ်လက်နက်တွေကို ဖယ်ရှားပစ်ခဲ့ရပါတယ်။ 





 ဓာတ်ပုံ- ဘန်ကောက်ပို့စ် 

နံရံဆေးရေးပန်းချီတွေမှာ ရှေးခေတ်ထိုင်း စစ်သားတွေက M79 လောင်ချာတွေ၊ M 16 မောင်းပြန်ရိုင်ဖယ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ ပစ္စတိုတွေ ကိုင်ဆောင်ထားကြပုံတွေက လူအများကို စိတ်ဝင်စားစေခဲ့ပါတယ်။ 

အခုတော့ အဲဒီခေတ်သစ်လက်နက်တွေအစားအခုတော့ ရှေး ခေတ်သုံး ဓားတွေ၊ လှံတွေနဲ့ ပြန်အစား ထိုး ရေးဆွဲ လိုက်ပါပြီ။


ဘုန်းကြီးကျောင်းတာဝန်ရှိသူတယောက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်ရဲ့ ဇူလိုင်လ ၁ ရက်နေ့ သတင်း တပုဒ်မှာ ရေးသားဖော်ပြတာမှာတော့ ရှေး ခေတ် ထိုင်းစစ်သားတွေက ခေတ်သစ် စစ်လက်နက်တွေ ကိုင်ဆောင်ထားပုံဟာ အငြင်း ပွားဖွယ်ဖြစ်နေလို့ပါတဲ့။ 

ဒါကြောင့် ပန်းချီတွေမှာ ရှေးခေတ် ထိုင်းစစ်သည်တွေကိုင်တောင်ထားတဲ့ ခေတ်သစ်လက်နက်တွေကို ဖြုတ်ပစ်ခဲ့ရပြီး ဓားတွေ၊ လှံတွေနဲ့ အစားထိုး ရေးဆွဲလိုက်တာပါလို့ ဆိုပါတယ်။ 

ခေတ်သစ် စစ်လက်နက်တွေ ကိုင်ဆောင်ထားတဲ့ ရှေးခေတ် ထိုင်းစစ်သည်တွေရဲ့ ပန်းချီကားတွေကို စီမံတဲ့ Phra Khru Sophon Kaweewat ကတော့ ဒါဟာ နိုင်ငံရေး လှုံ့ဆော်တာလိုတာမျိုး မဟုတ်ပဲ အနုပညာ သက်သက်နဲ့သာ ရေးဆွဲခဲ့တာလို့ ဆိုပါတယ်။ 

ဝန်ကြီးချုပ်ဟောင်း မစ္စယင်လတ် ဦးဆောင်တဲ့ အစိုးရနဲ့ သူ့အစိုးရကို ဆန့်ကျင်တဲ့ အုပ်စုတွေအကြား ပဋိပက္ခ တွေ အမြင့်ဆုံး ဖြစ်နေတာကို ဖော်ကျူးခဲ့တာသာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ 

ထိုင်းနိုင်ငံမှာလည်းပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့ကတည်းက စစ်တပ်က အာဏာသိမ်းထားခဲ့တာ အခုထိ ပါဘဲ။ 

အဲဒီနောက်ပိုင်း စစ်တပ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြ ကန့်ကွက်တာတွေလည်း ရှိခဲ့ကြတာပါ။ 

အဲဒီပန်းချီကားတွေကြောင့် ဒေသခံတွေ၊ နိုင်ငံခြားသား ခရီးသွားတွေပါ ဘုန်းကြီးကျောင်းမှာ လာရောက် လည်ပတ်သူတွေ များကြတယ်လို့ ဆိုပါတယ်။ 


အိမ့်သံစဉ် ~ 













0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved