ဝံကလေးကို မြန်မာပြည်မှာပဲ ရှိစေချင်ပါတယ် တဲ့

Tuesday, July 8, 2014

 ~



   


ဝံကလေး တကောင် အကြောင်း ဖေ့စ်ဘုတ်မှာ ပို့စ် ၂ ပုဒ် တွေ့ရပါတယ်။
 အဲဒီဝံလေးကို  ထိုင်း-မြန်မာ နယ်စပ်က မောတောင် ဒေသက  လာဝယ်မဲ့သူတွေ ရှိတယ်လို့ ဆိုတယ်။


သူ့ကို ကျွေးမွေးရတာကလည်း စရိတ်စက အကုန်အကျ များတယ်။
သို့သော်လည်း ဒီကောင်လေးကို ထိုင်းဘက်ကို မရောင်းချင်ဘူး၊ မြန်မာပြည်မှာပဲ ရှိစေချင်ပါတယ် တဲ့။

ဘယ်နေရာမှာ ရှိနေသလဲ ဆိုတာကိုတော့ https://www.facebook.com/pyithu.thansin စာမျက်နှာပိုင်ရှင်က ရေးမထားပါ။
ဝံကလေးကို ကူညီဝယ်ယူနိုင်သူတွေ သူ့ဖေ့စ်ဘုတ် ချက်ဘောက်စ်မှာ အချက်အလက် ထားခဲ့နိုင်တယ်လို့ ဆိုပါတယ်။ ကဲ...စိတ်ဝင်စားတယ်ဆိုရင် သူ့ကို ဆက်သွယ်ရုံသာ။

လွန်ခဲ့တဲ့ ၃ ရက်ကနဲ့ ဒီကနေ့တင်တဲ့
သူ့ပို့စ် ၂ ခု၊ ပုံတချို့တို့ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

မိမိနိုင်ငံထဲက တိရစ္ဆာန်တစ်ကောင်ကို တခြားနိုင်ငံထဲ ရောက်သွားမှာကို မလိုလားပါသဖြင့် တက်နိုင်သူများ ၀ယ်ပေးကြပါလို့ ပြောကြားပါရစေ....

အခုမြင်တွေ့နေရတဲ့ ၀ံငယ်လေးကို လွန်ခဲ့တဲ့ ၇-လကျော်လောက်က စတင်မွေးခဲ့ပါတယ်

ယူလာခါစက ခွေးပေါက်ငယ်သာသာရှိခဲ့ပေမဲ့ ၇-လအတွင်း အရွယ်အကြီးမြန်သလို တစ်နေ့ကုန်ကျစရိတ်လည်းများလာတာရယ် အနီးအနားက အိမ်တွေကို သွားလာတတ် သလို အဲ့ဒီအိမ်တွေထဲက ရေကန်၊ရေဇလားတွေထဲမှာ ၀င်စိမ်တတ်တဲ့ အကျင့်ကြောင့် ၀င်ကလေးကို ရိုက်မောင်းထုတ်ရင်းက မျက်စိတစ်လုံး ကွယ်သွားခဲ့ရှာပါတယ်။

ဓါတ်ပုံထဲက ခွေးကလေးဟာ ၀ံကလေးနဲ့ အတူတူကြီးလာတာပါ။  သူတို့နှစ်ဦး ချစ်ခင်ကြပါတယ်။
ထင်းလုစားကြတယ်။ မုန့်လုစားကြတယ်။ လူတွေနဲ့ အတူတူကြီးလာတဲ့ တိရစ္ဆာန်တွေဖြစ်လို့ ဘယ်သူ့ကိုမှအန္တရာယ်မပေးပါဘူး။
လိမ်မာကြသလို လူစကားလည်း နားလည်ပြီး အရိပ်အကဲလဲသိပါတယ်။ ၀မ်းနည်းတတ်တာ ပျော်တတ်တာ ကြောက်တတ်တာ တွေကို လက်တွေ့မြင်တွေ့ခဲ့ရပါတယ်။

သို့သော်လည်း ၀ံကလေးအတွက် တစ်နေ့ကုန်ကျစရိတ်တွေနဲ့ တခြားအထွေထွေအကြောင်းတွေကြောင့် ၀ံကလေးကို မောတောင်ဘက်က လာဝယ်တဲ့ သူတွေဆီ ငွေ၂-သိန်းနဲ့ ရောင်းတော့မယ်လို့ ကြားသိရတော့ တော်တော်စိတ်မကောင်း ဖြစ်ရပါတယ်။
ငယ်ငယ်ထဲက ကလေးငယ်လို နို့ဗူးတိုက်ပြီး ကျွေးမွေးခဲ့တဲ့ ပိုင်ရှင်တွေကသံယောဇဉ် ရှိပေမဲ့ ရေရှည်မှာ မလွယ်တဲ့ အခြေအနေတွေ ရှိလာလို့ရောင်းရတာပါလို့ ပြောပါတယ်။
တိရိစ္ဆာန်ရုံကို လှူမယ်လုပ်တော့ အရောက်သွားပို့ရမဲ့ ကုန်ကျစရိတ်ကို မတတ်နိုင်ပါဘူး။ လာမခေါ်ပါဘူး။
လှူတဲ့သူက သွားပို့ရမဲ့ အတူတူ ကုန်ကျစရိတ်ပေးတဲ့သူရှိရင် ရောင်းလိုက်မယ်ဆိုတဲ့ သဘောနဲ့ရောင်းတာပါလို့ပြောပါတယ်။

လာဝယ်မဲ့သူတွေက ထိုင်းနိုင်ငံနယ်စပ်က မောတောင်အရပ်ကဆိုတော့ ဟိုဘက်ကိုရောက်ဖို့ သေချာသလောက်ရှိနေပါပြီ။ 
လိမ္မာပြီးယဉ်ပါးနေတဲ့ ဒီဝံလေးကို မိမိနိုင်ငံထဲမှာပဲ ရှိစေချင်တာ ကျွန်တော့ရဲ့ စေတနာပါ။ 
ဝံကလေးကိုကယ်တင်မဲ့သူများ ရှိရင်ဖြင့် ချက်ဘောက်ထဲမှ တစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။
နေရာအတိအကျပြောပါမည်။
ဝယ်/ရောင်း ရက်ချိန်းပြည့်ရန် ၅-ရက်သာလိုပါတော့သည်။

ဝံကလေးရဲ့ကံကြမာ(၅.၇.၂၀၁၄) နံနက် ၁း၁၀မိနစ် အချိန်တွင် စာရေးသားသည်။  


  • ဖေ့ဘုတ်မိတ်ဆွေများကို အကူအညီတောင်းထားပါသော ၀ံလေးရဲ့ဘ၀ကံကြမ္မာ အပြောင်းအလဲ ကောင်းမွန်လာရန် လမ်းစကို စတင်တွေ့ရှိထားပါပြီ.................
  • ၀ံလေးရဲ့ ပိုင်ရှင်ကို မရောင်းဖို့ စည်းရုံးထားတာ အောင်မြင်သွားပါသဖြင့် တိရိစ္ဆာန်ရုံ ဒါမှမဟုတ် သင့်တော်တဲ့ ဘေးမဲ့ နေရာတစ်ခုခုကို ပို့ဆောင်ပေးနိုင်ရန် အခွင့်အရေး ရလာပါသဖြင့် ပို့ဆောင်ပေးမည့် စရိတ်စခကို ဘယ်လို ၀ိုင်းဝန်း ထောက်ပံ့ရင် သင့်တော်မယ်ဆိုတဲ့ အကြံပြုချက်များ ပေးကြပါခင်ဗျာ......
  • သယ်ဆောင်ရာတွင်လည်း တိရိစ္ဆာန်ရုံ မဟုတ်ပါက အခက်အခဲမရှိ သယ်ဆောင်နိုင်အောင် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတဲ့ အကြံပြုချက်များလဲ လိုအပ်နေပါသဖြင့် နီစပ်ရာဆက်သွယ်ပြီး ပြောပေးပါလို့ တောင်ဆိုပါရစေ။
  • ၀ံလေးရဲ့ ကံကြမ္မာကို ကူညီဖို့ ဆက်သွယ်လာသူ ၁၅ဦးရှိပါတယ်။ မိတ်ဆွေအချင်းချင်း ချိတ်ဆက်ပြီး ဆက်သွယ်ကြစေချင်ပါတယ်။ 
  • မိတ်ဆွေ၁၅ဦးဆီကို TAGနဲ့ ပို့လို့ အဆင်မပြေဖြစ်နေပါတယ်။ 
  • အချင်းချင်းဆက်သွယ်ပြီး အကြောင်းပြန်နိုင်အောင် ကြိုးစားပေးပါမယ်။
  • အားလုံးအစီအစဉ် ဆွဲပြီးသွားရင်ဖြင့် ၂-ရက်အတွင်းဆက်သွယ်ပေးစေချင်ပါတယ်ခင်ဗျာ။
  • ကျွန်တော်ဆက်လက် စီစဉ်ပေးမည့်အကြောင်း မိတ်ဆွေများအား အသိပေးအပ်ပါတယ်။
  • မိတ်ဆွေ၁၅ဦးနဲ့ ပတ်သက်တဲ့ ကျန်သော သူငယ်ချင်းများဆီမှလည်း မေတ္တာစိတ်ဖြင့် ကူညီမဲ့သူများ တိုးပွါးလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 
 
.

2 comments :

  1. Unknown said... :

    ၁၉၉၃ ခုနှစ်သီပေါမြို့နယ်စည်ပင် သာယာရေးပန်းခြံထဲမှာလှောင်အိမ်နဲ့ မွေးထားတဲ့အသက်(၈)နှစ်ဝက်ဝံ အကောင်ကြီးရှိပါတယ်။ အဲ့ ဝက်ဝံ ကြီးလဲ ဒီပုံထဲကဝက်ဝံလေးအတိုင်း ခလေး/လူကြီးများနဲ့ဆော့ကြ ဘော လုံးလဲသိပ်ဆော့ သိပ်လိမ္မာတဲ့ဝက် လေးငယ်ငယ်ပါ။ နာမည်က ကံကောင်း ။ ကြီးလာတော့ မြို့ရဲ့ပန်း ခြံထဲလှောင်အိမ်နဲ့ထားပြီးပန်းခြံလာ လည်သူများကြည့်ဖို့ထားခဲ့တာဖြစ်တယ်။တို့သီပေါမရောက်ခင် ဝက်ဝံကံကောင်းကိုခလေးတယောက်ကလိမ္မော်သီးလက်လှမ်းကျွေးတာ ခလေးလက်ကိုဝက်ဝံကဆွဲယူလိုက် တယ်။လူကြီးတွေတွေ့တော့ခလေး လက်ကိုပြန်ဆွဲရော-ခလေးလက် မောင်းရင်းကပြုတ်ပြတ်ပြီးဝက်ဝံ လက်ထဲပါသွားတာ ဝက်ဝံကိုက်စား ပစ်လိုက်ပါတယ်။ ခလေးကိုဆေးရုံ အချိန်မှီပို့နိုင်ခဲ့ပေမဲ့လက်တဖက်ပြတ် ဒုက္ခိတဘဝရောက်ခဲ့ရတယ်။ခလေး ကယောကျာင်္းလေးပါ-ဆေးရုံပေါ်မှာ ခလေးကသူ့လက်ကိုစားသွားတဲ့ ဝက်ဝံရဲ့အသားစားမယ်အော် ဟစ် တယ်တဲ့။အမဲသားကိုလိမ်ညာပြီး ဝက်ဝံအသားလို့ပြောခဲ့တာတဲ့။ နဲနဲ အရွယ်ရောက်လာတော့လက်ပြတ် ခလေးဟာဒီဝက်ဝံလာကြည့်သေး တယ် စိတ်နာမှာသေချာတယ်။တို့ တာဝန်ထမ်းဆောင်ရတဲ့ရုံးကပန်းခြံ ထဲဝက်ဝံလှောင်အိမ်နေ့တိုင်းဖြတ်ရ လို့ဒီကောင်ကြီးတခါတရံဒေါသတ ကြီးအသံကျယ်ကျယ်လောင်လောင် နဲ့အော် ကွန်ကရစ်ကြမ်းခင်းကို ဗုန်း ဗုန်း ခုန်ပေါက်တာ အင်မတန် အန္တာ ရယ်ကြီးတာမြင်ခဲ့ရတယ်။ငယ်ငယ် တုန်းချစ်စရာကောင်းတာ မှန်ပါတယ်။ ရေရှည်ကြည့်ပါ။ကြီးလာ မှဒုက္ခရောက်ရင်။သီပေါဝက်ဝံကြီးကို လှောင်အိမ်ထည့်ထားတာ ဟိုးတုန်း ကစော်ဘွားအစောင့်အုတ်ကင်းတဲရုံ ကို သံဇကာအကျဲဖြစ်သလိုကာရံ ထားတာပါ။ဝက်ဝံကအထီး အကောင်လဲကြီး။ဝက်ဝံကြီးကြမ်း ကြမ်းတမ်းတမ်းတွန်းထုတ်ရင်လှောင် အိမ်ပွင့်ထွက်နိုင်တဲ့အနေအထားရှိနေ။တကယ်လို့များဝက်ဝံကြီးလွတ်ထွက်လာရင်သီပေါတမြို့လုံးလူတွေ အတွက်အန္တရယ်-လူတွေကိုလိုက် ဖမ်းကိုက်စားမှာသေချာနေတယ်။ မြို့နယ်ကတာဝန်ပေးလို့ဒီကံကောင်း ဝက်ဝံကြီးကိုရန်ကုန်တိရိစ္ဆာန်ရုံကိုပေး ပို့လှူခိုင်းလို့ကိုယ်တိုင်သွားရောက် ဆက်သွယ်ခဲ့ပါတယ်။ရန်ကုန်တိရိစ္ဆာန်ရုံကနေ အမွေးကြမ်း ကြမ်းရှည်လဲရှည်-ရင်ဘတ်မှာ လည်ပတ်ဆွဲအဖြူပါ-နှုတ်သီးရှည် ဝက်ဝံဟာ အရိုင်းမျိုးဖြစ်တယ်။ရန်ကုန်တိရိစ္ဆာရုံမှာအကောင်(၃၀) ကျော်ရှိနေလို့ထိန်းသိမ်းဖို့မနိုင်လို့လက်မခံဘူး။အကောင်းဆုံးက သစ်တောကိုအကူအညီတောင်းပါ -ဝက်ဝံကိုမေ့ဆေးသေနတ်နဲ့ပစ် ပြီး တောနက်နက်ထဲသွားလွှတ်ပါအကြံ ပေးခဲ့တယ်။ဒါနဲ့သီပေါပြန်ရောက် တော့သစ်တောဌာနနဲ့သွားညှိနိုင်းပြီး အကူအညီတောင်းပါတယ်။သစ်တောလဲငြင်းပ့။ဝက်ဝံကြီး မေ့ဆေးပြယ်ရင်တောရွာကလူတွေ ကိုကိုက်သတ်မှာစိတ်ပူပါတယ်။နောက်ဆုံးဘာမှမတတ်နိုင်ဒီတိုင်းဝက်ဝံကိုထားခဲ့တယ်။ခုချန်ဝက်ဝံရှိ မရှိမသိတော့ပါ။ ဒါကြောင့်ဝံလေး ကနေဝက်ကြီးဖြစ်လာမှဒုက္ခရောက် မဲ့အရေးကြိုမြင်ထားပါ။ဝံလေးကိုတောထဲလွှတ်သင့်ကြောင်း အကြံပေးချင်ပါတယ်။သီပေါမြို့ကံ ကောင်းဝက်ဝံကြီးအဖြစ်ကိုသင်္ခန်း စာယူနိုင်ပါစေလို့။

  1. Anonymous said... :

    ကနော်ဝက်ဝံချစ်ပါတယ် ဝယ်လို့ရရင်ရောင်းမယ်စိုယင်09972594755ကိုဆက်သွယ်ပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved