ဆက်သွယ်ရေးဝန်ကြီးဝက်ဆိုက်ကို လိပ်နှစ်ကောင်စောင့်ကြပ်

Friday, July 4, 2014

 ~



 

ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာကို ဟက်ကာတွေက ဒီမနက် ဖောက်ထွင်းပြီး အစိုးရတံဆိပ်တုံး နေရာမှာ လိပ်ပုံ တင်သွားပါတယ်။

မြန်မာ့လိပ် လို့ စာတန်းထိုးထားတဲ့ လိပ်ပုံက မြန်မာ့ဆက်သွယ်ရေးရဲ့ နှေးနှုန်းမြင့်အင်တာနက်ကို ဖော်ကျူးထားဟန်ရှိပါတယ်။

မြန်မာပြည်မှာ နာရီအတန်ကြာ Facebook စာမျက်နှာ ဖွင့်လို့မရတဲ့အခက်အခဲနဲ့ ကြုံရအပြီးမှာ ဒီလိုဖြစ်ရပ် ပေါ်ပေါက်လာခြင်းပါ။

 Facebook စာမျက်နှာ ဖွင့်လို့မရအောင်လုပ်ခြင်းဟာ အစိုးရရဲ့လက်ချက်လို့ ယူဆသူလည်း မနည်းမနော ရှိနေပါတယ်။
အစိုးရကတော့ ဒီလို ထင်ကြေးပေးနေခြင်းကို တုန့်ပြန်ခြင်း မရှိသေးပါဘူး။ အထက်မှာ တွေ့ရတဲ့ ဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာထိပ်မှာ လိပ်နှစ်ကောင်ပုံက

ဌာန အမည်ရဲ့ ဘေးတဘက်တချက်မှာ နေရာယူနေပါတယ်။
အခုတော့ မူရင်းအတိုင်း ပြန်ပြင်လိုက်ပါပြီ။
ဟက်ကာတွေ ပြန်ပြင်ပေးတာ ဖြစ်နိုင်သလို ဝန်ကြီးဌာနက ပြန်ပြင်တာလည်း ဖြစ်နိုင်ပါတယ်။

ဒီအကြောင်း သတင်းတပုဒ်ကို ဧရာဝတီအင်္ဂလိပ်ပိုင်းစာမျက်နှာမှာ ဖတ်ရပါလိမ့်မယ်။
လိပ်စာက http://www.irrawaddy.org/burma/web-hackers-poke-fun-burmese-ministry.html ဖြစ်ပြီး
ခေါင်းစဉ်က
Web Hackers Poke Fun at Burmese IT Ministry ဖြစ်ပါတယ်။ အိုင်တီဆိုင်ရာအဖွဲ့အစည်းတချို့ကို ဆက်သွယ်ပြီး ရေးထားတဲ့သတင်းပါ။

 ဖောက်ထွင်းခြင်းနဲ့ ပတ်သက်ပြီး ဘယ်သူ ဘယ်အဖွဲ့ကမှ သူတို့ရဲ့လက်ချက်ဖြစ်ကြောင်း လူသိရှင်ကြား ကြေညာချက် ထွက်ပေါ်မလာသေးပါဘူး။

ဝန်ကြီးဌာနကို ဝက်ဆိုက် ဖောက်ထွင်းခံရခြင်းသတင်းနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ပြန်လည်ဖြေကြားဖို့ အဆင်သင့်ဖြစ်သေးဟန်မရှိပုံကိုတွေ့ရပါတယ်။


 



.

1 comments :

  1. Unknown said... :

    ဆက်သွယ်ရေးဝက်ဆိုက် သည် ခေတ်မှီ ဆက်သွယ်ရေးပီသစွာ အင်တာနက် လိုင်းသတင်း ကိစ္စများကိုအခြား မီဒီယာတွေထက် စောလျှင်စွာဖေါ်ပြပြီး ၊ ပြည်သူကို သတင်းပေးသင့်ပါတယ် ၊ ပညာရှင်မရှိတာလား ၊ ပညာရှင် ဘေးဖယ်ထားတာလား စီစစ်သင့်ပါပြီ ....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved