မုံရွာရဲ့ ဇူလိုင် ၇ ရက်နေ့ အစီအစဉ်တခု

Saturday, July 5, 2014

.

 

  


ဆဲဗင်းဂျူလိုင်အရေးတော်ပုံ အောက်မေ့ဖွယ်အခမ်းအနားကို ဇူလိုင်(၇)ရက်နေ့ တနင်္လာနေ့တွင် မုံရွာမြို့ ၊ မြစန္ဒာခန်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ဆဲဗင်းဂျူလိုင်သမိုင်းကြောင်း ပြန်ပြောင်းပြောပြမှုများ ၊ ကျောင်းသားသမိုင်းပြဇာတ်တင်ဆက်မှုများ ၊ သံချပ်ဖျော်ဖြေမှုများဖြင့် ညနေ(၃း၃၀)မှ (၇း၀၀) နာရီထိ ကျင်းပသွားမည်ဖြစ်သည်။

 
တက္ကသိုလ်ကျောင်းသားသမဂ္ဂများကွန်ရက်(မုံရွာ)က စီစဉ်ခြင်း ဖြစ်ပြီး ထိုကွန်ရက်ကို မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊
မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊
မုံရွာနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။










0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved