သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း နှစ်ငါးဆယ်ပြည့် အမှတ်တရ အစီအစဉ်တရပ်ကို မုံရွာမြို့ ၊ မြို့မဂါတ် ကျောင်း တိုက်အတွင်း မနက်ဖြန်မှစတင်ကာ ပြုလုပ်သွားမည်ဖြစ်သည်။
မဟာမှိုင်းအလွန် နှစ်ငါးဆယ်အထိမ်းအမှတ်ဟု အမည်ပေးထားသော အခမ်းအနားကို ဆရာကြီး သခင် ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်(မုံရွာ)က ဦးဆောင်ကျင်းပခြင်းဖြစ်ကာ (၂၂)ရက်နေ့နှင့် (၂၃) ရက်နေ့များတွင် နံနက်(၈)နာရီမှ စတင်ကာ ပန်းချီပြပွဲ ၊ လေးချိုးရွတ်ပွဲ ၊ ကဗျာရွတ်ပွဲ ၊ စာတမ်း ဖတ်ပွဲ များဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ပန်းချီကားပေါင်း(၅၀)လောက်ပြသပြီး ရောင်းချပေးသွားမှာပါ။ ရောင်းရငွေတွေကို ငြိမ်းချမ်းရေး ကွန်ရက် ရန်ပုံငွေအတွက် ပြန်လည်သုံးစွဲမှာပါ”ဟု ကျင်းပရေးကော်မတီဝင်တစ်ဦးက ပြောသည်။
သခင်ကိုယ်တော်မှိုင်းကို ၁၈၇၆ ခုနှစ် ၊ မတ်လ(၂၃)ရက် ၊ ကြာသပတေးနေ့တွင် ပြည်ခရိုင် ၊ ရွှေတောင် နယ် ၊ ၀ါးလယ် ကျေးရွာ၌ အဖ ဦးစံထွန်း၊ အမိဒေါ်အုန်းတို့က မွေးဖွားခဲ့ပြီး ငယ်မည်မှာ မောင်လွန်းဖြစ် သည်။
အသက်(၁၀)နှစ်ခန့်တွင် ရှင်သာမဏေဝတ်ကာ အလုံ၊ မုံရွာ၊ ချောင်းဦး၊ ဘုတလင်စသော အထက် အညာတခွင်၌ လည်း ကောင်း ကျီးသဲလေးထပ်ဆရာတော် ဘုရားကြီးထံ ၌လည်းကောင်း ပညာများ ဆည်းပူးနေခဲ့သည်။
အသက်(၁၉)နှစ်အရွယ်တွင် ဖခင်ကွယ်လွန်သွားခြင်းကြောင့် မိခင်ကြီးအား ပြုစုလုပ်ကျွေးရန် လူထွက်ခဲ့ပြီး ရန်ကုန် စာပေနယ် တွင် ကွယ်လွန်သည်အထိ ကျင်လည်ခဲ့သည်။
သခင်ကိုယ်တော်မှိုင်းသည် ၁၉၆၄ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး အလင်္ကာကျော်စွာဘွဲ့၊ စတာလင် ငြိမ်းချမ်းရေးဆု(ဆိုဗီယက်)၊ ဒေါက်တာဘွဲ့(အရှေ့ဂျာမဏီ)များကို ရရှိခဲ့သည်။
မင်းနိုင်သူ ~
0 comments :
Post a Comment