သေရွာပြန် ၃ နှစ်သမီးလေး

Monday, July 14, 2014

  သေဆုံးသွားပြီလို့ ပြောတဲ့ အသက် ၃ နှစ် အရွယ် မိန်းကလေးရဲ့ အသုဘ အခမ်းအနားတခုကို ဖိလစ်ပိုင်နိုင်ငံ Zamboanga del Sur ဒေသ Auroa အရပ်က ခရစ်ယာန်ဘုရားရှိခိုးကျောင်းတခုမှာ ကျင်းပချိန် အဲဒီ မိန်းကလေး ငယ်လေးဟာ ပြန်လည် နိုးထပြီး အသက်ရှင်ခဲ့ပါတယ်။ 


အဲဒီ ၃ နှစ်သမီးလေးဟာ အဖျားရက်ရှည် ခံစားရပြီး ပြီးခဲ့တဲ့ စနေနေ့ကပဲ ဆေးရုံမှာ တက်ရောက်
ဆေးကုသမှု ခံယူရင်း ဆရာဝန်က ဆုံးပါးသွား ပြီ လို အသိပေးကြေညာခဲ့တာကြောင့် သူ့ကို သဂြိုလ်ဖို့ ဈာပန အခမ်းအနားကျင်းပနေခဲ့တာပါ။ 

အဲဒီအချိန်မှာ ၃ နှစ် သမီးလေးဟာ အသက်ရှုလာခဲ့တာကြောင့် သူ့အဖေကလည် ခေါင်းထဲ ထည့်ထားတဲ့ သမီးငယ်ကို ပွေ့ချီမထုတ်ကာ ဆေးရုံကို ပို့ခဲ့ကြပါတယ်တဲ့။ 

စုံစမ်းရေးမှူး Heidil Teelan က ဖိလစ်ပိုင်စတား သတင်းဌာနကို ပြောတာမှာ ကလေးငယ် က ဆေးရုံ မှာ ဆေးကုနေစဉ် မှာ သွေးခုန်တာလည်းမရှိတော့သလို ဆေးပညာအရ သေဆုံးပြီလို့ ဆရာဝန်က စနေနေ့ မနက် ၉ နာရီက ပြောခဲ့တာ ပါတဲ့။ 

ဒီကိစ္စဟာ ကလေးက အဖျား သိပ်ကြီးပြီး မျောသွားတဲ့အခြေအနေမျိုးဖြစ်နိုင်ပြီး တကယ်တော့ မိန်းကလေး ငယ်ကို သေဆုံးတယ်ဆိုတာနဲ့ပတ်သက်ပြီး ထပ်ပြီး သေချာအောင်တော့ အတည်ပြုချက်ထပ်မလုပ်ခဲ့မိ ပါဘူး တဲ့။ 

ဘုရားကျောင်းမှာ ဈာပန အခန်းအနားမှာ ခေါင်းထဲက အဲဒီ ၃ နှစ်သမီးလေး အသက်ပြန်ရှုလာပြီး ရေ နည်းနည်း ပေး တိုက်လိုက်ပြီး ဆေးရုံပို့ခဲ့တာပါတဲ့။ 

နောက်တော့ ၃ နှစ်သမီးလေးကို သူ့မိဘတွေအိမ်ကို ပြန်ခေါ်သွားခဲ့တာပါတဲ့။ မြန်မာနိုင်ငံမှာလည်း အလားတူ သေရွာပြန်ဖြစ်ရပ်မျိုးတွေ ရှိတတ်ပါတယ်။ 

၃ နှစ်သမီးလေးရဲ့ သေရွာပြန် မှတ်တမ်းကိုလည်း  ဧရာဝတီပရိသတ်တွေ ကြည့်နိုင်ပါတယ်။ 


အိမ့်သံစဉ် ~ 



.







0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved