ရေကူးကန်ပါတီ ရန်ကုန်ကိုလာပြီ

Thursday, July 3, 2014

 ~



ရန်ကုန်မြို့မှာ ရေကူးကန်ပါတီပွဲ တခု မကြာခင် ပြုလုပ်မယ်လို့ ကြော်ငြာထားပါတယ်။
နေရာက  မင်္ဂလာဒုံ city golf lake ပါပဲ။


ဒီကြော်ငြာကို မော်ဒယ်ဇာဇာထက်က သူ့ ဖေ့စ်ဘုတ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တင်လိုက်တာပါ။
လက်မှတ်တွေကတော့ ဈေးမသေးပါ။
ဗွီအိုင်ပီ ဆိုရင် ကျပ် ၁၂ဝ,ဝဝဝ လို့ ဆိုတယ်။ အဲဒီလက်မှတ်တစောင်နဲ့ လူ ၂ ယောက် ဝင်နိုင်မယ်။ အခန်း ၁ခန်း၊ စားပွဲ ၁ လုံး၊ ၁ ပုလင်း (ရမယ် တဲ့)။
အခန်းက ဘာလုပ်ဖို့လဲလို့ တွေးကောင်း တွေးမိကြပါလိမ့်မယ်။
ရေကူးကန်ပါတီ ဆိုတော့ အဝတ်အစားလဲဖို့ ဖြစ်နိုင်ပါတယ်။

ပြီးတော့ ... အမျိုးသား သုံးသောင်း၊ အမျိုးသမီး နှစ်သောင်း လို့လည်း ရေးထားပါတယ်။
အဲဒါက ရိုးရိုးတန်း ဝင်ကြေးတွေ ဖြစ်ပါလိမ့်မယ်။

အစားအသောက် အခမဲ့ လို့ ဆိုတယ်။
ဟော့တဲ့ ကလေးမတွေရဲ့ အကအခုန်၊
အကပြိုင်ပွဲ၊
အသောက်ပြိုင်ပွဲ၊
ကစားနည်းအထွေထွေ ပါဝင်မယ်လို့ ကြော်ငြာမှာ ရေးပါတယ်။

ကြော်ငြာကတော့ ဘိုလိုချည်းပဲ ရေးထားတာပါ။
နိုင်ငံခြားသားများကိုလည်း ဖိတ်ခေါ်တဲ့သဘော ရှိပါလိမ့်မယ်။

ကျန်းမာရေး၊ လုံခြုံရေး၊ ကယ်ဆယ်ရေးအတွက်လည်း စီစဉ်ထားတယ်၊ ရေကူးဝတ်စုံ မမေ့ခဲ့နဲ့လို့လည်း ဆိုပါတယ်။

ရေကူးကန်ပါတီကို ပြည်မြို့မှာ လုပ်ခဲ့ဖူးပါတယ်။
အဲဒါက လူသိထင်ရှား မီဒီယာမှာ ပါဝင်ခဲ့တဲ့ ပထမဆုံးသော ပါတီပွဲ ဖြစ်ပါလိမ့်မယ်။

တတ်နိုင်သူ ပျော်လိုသူတွေအတွက် ဒီလိုပွဲတွေ မကြာခဏ ပေါ်ပေါက်လာဖွယ်ရှိပါတယ်။

 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved