~
မန္တလေးမြို့ပဋိပက္ခနဲ့ပတ်သက်ပြီး တနင်္လာည ၈းဝဝ နာရီမှာ ထုတ်လွှင့်တဲ့ ဦးသိန်းစိန်ရဲ့ ရေဒီယိုမိန့်ခွန်းထဲက အချက်အလက် တချို့ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
ပဋိပက္ခအတွင်း သေဆုံးသူများအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းမိကြောင်း။
မီဒီယာလွတ်လပ်မှုကို တိုင်းပြည်အကျိုးရှိစေမယ့် ရေးသားမှုအစား နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ် ပေးလာပါက တည်ဆဲဥပဒေများနဲ့အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း။
ရည်ရွယ်ချက်ရှိရှိနဲ့ အမုန်းတရားများ ပြန့်ပွားအောင် သွေးထိုးလှုံ့ဆော်တာဟာ တိုင်းပြည်ကို ဖျက်လိုဖျက်ဆီးတာဖြစ်ပြီး၊ လူမျိုးဘာသာမရွေး မိမိတို့ရဲ့ လူ့အဖွဲ့အစည်းကို အန္တရာယ် ကျရောက်စေတဲ့အတွက် ပြတ်ပြတ်သားသား ကိုင်တွယ်ပြီး အရေးယူ ဆောင်ရွက်သွားရမယ်။
လက်ရှိမှာ မန္တလေးမြို့ တည်ငြိမ်အေးချမ်းရေးအတွက် လုံလောက်တဲ့ အဖွဲ့အစည်းများ ရှိနေ။ လုံခြုံရေးအဖွဲ့အစည်းများရဲ့ အကူအညီကို ရယူပြီး လိုအပ်တဲ့ စီမံခန့်ခွဲမှုများကို စနစ်တကျ လုပ်ဆောင်နေ။
အကြမ်းဖက်မှုများမှာ ပါဝင်သူများ၊ ပဋိပက္ခဖြစ်ပေါ်ဖို့ ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့သူတို့ကို စုံစမ်းဖော်ထုတ်ပြီး ပြတ်ပြတ်သားသား အရေးယူသွားမယ်။
သွေးထိုးလှုံ့ဆော်မှုများနဲ့ အကြမ်းဖက်ဖျက်ဆီးမှုများကိုလည်း နိုင်ငံတော်အနေနဲ့ လုံးဝ သည်းခံမှာ မဟုတ်ဘဲ ချက်ချင်း ပြင်းပြင်းထန်ထန် အရေးယူမယ်။
မန္တလေးမြို့မှာ လတ်တလော ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများဟာ လူတစု အဖွဲ့အစည်းတခုက လူတစု အဖွဲ့အစည်းတခုက ရည်ရွယ်ချက်ရှိရှိနဲ့ တမင် ဖန်တီး လုပ်ကိုင်ခြင်းဖြစ်ကြောင်း ရှင်းလင်းစွာ တွေ့မြင်ရမှာဖြစ်ပါတယ်။
.

ဖြစ်တိုင်း မိန့်ခွန်းတွေ ပြော နေ မဲ့ အစား နောက်နောင် ဒီလိုမျိုး အခြေ အနေတွေ မဖြစ် အောင် ဘယ်လို စီမံ ဆောင်ရွက် နေတယ်/ ထားတယ် ဆိုတာပဲ ကြားချင် ပါတော့တယ် သမ္မတ ကြီး ရယ်။ဘယ်လိုအကြောင်းနဲ့မှ ပြည်သူ/သား အချင်းချင်း ထိခိုက်/ပျက်စီး တာတွေမ ဖြစ်စေချင် တော့ပါ ။ ခဏခဏပြောနေတဲ့ နောက်ကွယ်ကလူတွေ ကိုလည်းသမ္မတ ကြီးရဲ့ ဒီသက်တန်းမကုန်ခင် ဖော်ထုက်ခဲ့ပေးပါ ဘဘသမ္မတ ကြီး.....