ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံကို ရောက်လာပြီ

Friday, July 4, 2014


မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ယမန်နေ့ ဇူလိုင်လ ၃ ရက်

နေ့ မနက်ပိုင်းက မြန်မာ-ထိုင်းနိုင်ငံ တပ်မတော်ချင်း ပိုမိုချစ်ကြည်ရေးအတွက် အလည်အပတ် ရောက် ရှိလို့ လာခဲ့ပါပြီ။ 


 ဓာတ်ပုံ- Nation Channel TV Thailand

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိုင်းဘုရင့်တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ၀ိုရာပေါင် က လေဆိပ်မှာ ကြိုဆိုရေး အခမ်းအနားမှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ တကွ ကြိုဆို ခဲ့ပါတယ်။ 



ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဖိလစ်ပိုင် ခရီးစဉ်အပြီး အခုလို ထိုင်းခရီးစဉ်ကို စတင်လိုက်တာဖြစ်ပါ တယ်။  

ခရီးစဉ်အတွင်းမှာ ထိုင်း ဘုရင့်တပ်မတော် စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။  

ကာ/ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ  ထိုင်း-မြန်မာ ၂ နိုင်ငံ တပ်မတော်ချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေဖို့ လုပ်ဆောင်ခဲ့တဲ့အတွက် ၂၀၁၃ ခုနှစ် မေလက ထိုင်း ဘုရင်မင်းမြတ်ပေးအပ်ချီးမြှင့်တဲ့  ဂုဏ်ထူးဆောင် တော်ဝင်ဘွဲ့တံဆိပ် ချီးမြှင့်ခြင်း ခံထားရသူလည်း ဖြစ်ပါတယ်။ 



အိမ့်သံစဉ် ~ 












0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved