သဘင်ဘိုးဘွားများအတွက် ရန်ကုန်မှာ ဖိုးချစ်ဇာတ်ကမယ်

Friday, July 25, 2014

 ~


ရန်ကုန်မြို့က သဘင်ပရိသတ်၊ ဇာတ်မင်းသားဖိုးချစ်ရဲ့ပရိသတ်တို့အတွက် သတင်းကောင်းတခု ရှိပါတယ်။
 




  • (ဓာတ်ပုံ - ဖိုးချစ် Facebook)
အဲဒါကတော့ ဇာတ်မင်းသားဖိုးချစ်ရဲ့ပွဲတွေကို ရန်ကုန်မြို့မှာ ၂ ည ဆက်တိုက် ကျင်းပမယ် ဆိုတဲ့ သတင်းပါပဲ။

သဘင့်ဘိုးဘွားရိပ်သာရံပုံငွေပွဲအဖြစ် တင်ဆက်မယ့် ဒီပွဲကို သြဂုတ်လ ၇ နဲ့ ၉ (ကြာသပတေး နဲ့ သောကြာ)  ညဘက် ၇း၃ဝ နာရီကနေ ည ၁၂းဝဝ အထိ ပြည်သူ့ရင်ပြင်မြက်ခင်းပြင်မှာ မိုးလုံလေလုံအလူမီနီယံဇာတ်ရုံခင်းကျင်းပြီး ကျင်းပပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။

လက်မှတ်ဈေးနှုန်းတွေကတော့ ...  ထိုင်ခုံတခုံ ကျပ် ၁ဝ,ဝဝဝ၊  လူလေးဦးထိုင်ကြည့်နိုင်မယ့် ဖျာတချပ် ကျပ် ၄ဝ,ဝဝဝ နှုန်းတွေနဲ့ ရောင်းချမယ်၊
လက်မှတ်ဝယ်ထားသူတွေ ရုံဝင်ခထပ်မံပေးစရာမလိုဘူးလို့ ဆိုပါတယ်။

ဒီအစီအစဉ်အတွက်   ဇာတ်မင်းသားဖိုးချစ်က ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြောင်း ဧရာဝတီကို ပြောပါတယ်။

“ကျနော်ဒီလိုပွဲမျိုးလုပ်ရမယ်ဆိုတဲ့အတွက် အရမ်းဝမ်းသာဂုဏ်ယူမိပါတယ်၊
ကျနော်လုပ်ရတာက ဘာမှမပင်ပန်းပါဘူး၊
 ကျနော်က ကျနော့်မိတ်ဆွေ ပညာရှင်တွေကို ဂျီကျရုံပါပဲ၊
တကယ်စီစဉ်ပေးရတာက သူတို့ပါ၊
ကျနော်ဂျီကျသမျှခံပေးတဲ့ ကျနော့်အကိုဆရာတွေကိုလည်း ကျေးဇူးတင်ပါတယ်”
 .

  • ဖိုးချစ်ကို ပါဝင်ကူညီပေးမယ့် အနုပညာရှင်ကြီးများ

အကယ်ဒမီ မြို့တော်မောင်ယဉ်အောင်
မန်းပန်တျာဦးမြင့်သိန်း(ငြိမ်း)

 အကယ်ဒမီမြန်မာပြည်ကျောက်စိမ်း
အကယ်ဒမီဓိရာမိုရ်
သျှန်ထွဏ်း(မြန်မာစာ)
ကိုစိုးအောင်(ကောင်းကင်ဟြ)  


“သဘင့်ဘိုးဘွားရိပ်သာရံပုံငွေပွဲ ဆိုတာ သဘင့်ဘိုးဘွားတွေအတွက် လုပ်တာဖြစ်လို့ ကျနော်ဒီပွဲကရသမျှငွေကြေးတဟြးတချပ်မှ မယူဘဲ အကုန်လုံးကို လှူမှာဖြစ်ပါတယ်”

ဒီပွဲမှာ အမိရွှေလက်တေးပုခက် ပြဇာတ်၊ ဘုရင့်နောင်ပြဇာတ်တို့ကို ကြည့်ရပါမယ်။

ပြီးတော့ အော်ပရာ(တေးဂီတပြဇာတ်) အနေနဲ့ နတ်တို့ဖန်တဲ့ပန်းကြာအိုင်နဲ့ နှစ်ပါးဆုံမှရွာသည့်မိုး(ကိန္ဒရီ ကိန္ဒရာ)အော်ပရာတွေကို ကပြမယ်၊
နှစ်ပါးသွားအနေနဲ့ကတော့ ငြိမ်းချမ်းရေးနှစ်ပါးနဲ့ တော်ဝင်သဇင်နှစ်ပါးသဘင်တို့ကို ကပြမှာပါ။

ဖိုးချစ်လှူဒါန်းမယ့် သဘင့်ဘိုးဘွားရိပ်သာရံပုံငွေပွဲအတွက် အဝတ်အစားဒီဇိုင်းဝတ်စုံအားလုံးကို DoZo Fashion က တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊
ဒီပွဲကို ဇာတ်မင်းသားဖိုးချစ် တည်ထောင်ထားတဲ့ ဖိုးချစ်ကုမ္ပဏီလီမိတက် (မြန်မာ့ရိုးရာအနုပညာ ဝန်ဆောင်မှု လုပ်ငန်း) က စီစဉ်ခြင်းဖြစ်ကြောင်း  သိရပါတယ်။
 

မြတ်သူအောင်  


ဆက်စပ်သတင်းများ

ဖိုးချစ်ရဲ့ ခဲဖိုး


ကလေးတို့အတွက် မင်းသားတွေ ဘောလုံးကန်မယ်  


.

1 comments :

  1. Anonymous said... :

    အခုလိုမျိုးလှူဒါန်းရခြင်း၏ အကျိုးအတွက် သာဓုခေါ်ပါတယ်။ အမှန်အတိုင်းပြောရရင် ဒီလက်မှတ်ဈေးနှုန်းကို မြင်ပြီး လန့်သွားမိပါတယ်။ ရည်ရွယ်ချက်ကိုတော့ လေးစားပါတယ်။ from YDNT ကိုယ်ချင်းစာသူလေး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved