ဂျာမနီကို ရှုံးကြွေးဆပ်နိုင်မလား အာဂျင်တီးနား

Sunday, July 13, 2014

တကမ္ဘာလုံးက စောင့်ကြည့်နေကြမယ့် ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲကို ဇူလိုင်လ ၁၄ ရက်နေ့ မနက် မြန်မာစံတော်ချိန် ၁ နာရီခွဲမှာ ဂျာမနီအသင်းနဲ့ အာဂျင်တီးနားတို့ ဘရာဇီးမြေပေါ်မှာ ယှဉ်ပြိုင် ကစားကြမှာဖြစ်ပါတယ်။ နှစ်သင်းလုံးကတော့ ချန်ပီယံဖြစ်ရေးအတွက် ခြေကုန်ထုတ်ကစားကြမှာပါ။ 

ဓာတ်ပုံ- ဖီဖာ

ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလားကို ၃ ကြိမ်ရရှိထားတဲ့ အသင်းဖြစ်ပြီး အာဂျင်တီးနားအသင်းကတော့ ကမ္ဘာ့ဖလားကို ၂ ကြိမ် ရရှိထားပါတယ်။ 

ဂျာမနီအသင်း ကမ္ဘာ့ဖလား နောက်ဆုံးရခဲ့တာ ၁၉၉၀ ခုနှစ်ကဖြစ်ပြီး အဲဒိတုန်းက ဗိုလ်လုပွဲမှာ အာဂျင်တီးနား အသင်းကို ၁-၀ နဲ့ အနိုင်ရရှိပြီး ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။ 

အိမ်ရှင်ဘရာဇီးအသင်းကို ဂိုးပြတ်သွင်းပြီး ဗိုလ်လုပွဲတက်လာတဲ့ ဂျာမနီ အနေနဲ့ ဒီတခါတွေ့ရမယ့် အသင်းဟာ အုပ်စုပွဲစဉ်က စလို့ တပွဲနဲ့ တပွဲစုဖွဲ့မှု အားကောင်းလာတဲ့ အသင်းဖြစ်တာကြောင့် ဘရာဇီး အသင်းကို ကစားရသလို လွယ်ကူမှာ မဟုတ် ပါဘူး။

 တောင်အမေရိကရဲ့ အပူချိန်ကတော့ အာဂျင်တီးနားဘက်မှာရှိနေပါတယ်။ ဒဏ်ရာက သက်သာ လာပြီဖြစ်တဲ့ ဒီမာရီယာလည်း ပြန်ကစားနိုင်ဖွယ်ရှိနေပြီး တောင်အမေရိကမှာ ကျင်းပတဲ့ ဖလားကို အရယူကြဖို့ အာဂျင်တီးနားအသင်းက ဆန္ဒပြင်းပြနေတယ်လို့ဆိုပါတယ်။ 

လက်ရှိ အခြေအနေအရ အာဂျင်တီးနားဟာ အသင်းလိုက်စုစည်းမှုမှာတော့ ဂျာမနီကို မမီပါဘူး။ ဒီပွဲမှာ အာဂျင်တီးနားအနေနဲ့ မဟာပြိုင်ဘက် ဂျာမနီအသင်းကို ရှုံးကြွေးဆပ်ပြီး တောင်အမေရိကမြေမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားကို ဆွတ်ယူနိုင်မလား ဒါမှမဟုတ် ဂျာမနီကပဲ ထပ်မံ အနိုင်ယူသွားဦးမလား ဆိုတာကိုတော့ စောင့်ကြကြရမှာပါ။ 












0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved