~
ထိုင်းနိုင်ငံမှာ ပင့်ပူကိုက်ခံရတဲ့ အမျိုးသားတဦးကို ကုသမှုပေးနေရာမှာ မသက်သာတဲ့အတွက် ခြေတဖက်ဖြတ်ရမယ့်အခြေအနေတောင် ဖြစ်လာနိုင်တယ်လို့ ဆရာဝန်တွေကပြောကြောင်း ဘန်ကောက်ပို့စ်သတင်းစာအွန်လိုင်းမှာ ရေးထားပါတယ်။
နာမည်က Uthai Viengkam, အသက်က ၄၆ နှစ်။
ဇူလိုင် ၈ ရက်နေ့မှာ သူ့ခြေထောက်ပင့်ကူကိုက်ခံရတာဖြစ်ပြီး ဒီသတင်းက ဇူလိုင် ၁၉ ဘန်ကောက်ပို့စ်သတင်းစာအွန်လိုင်းမှာ အပေါ်က ဓာတ်ပုံနဲ့အတူ ဖော်ပြပါတယ်။
Phrae ခရိုင်၊ Den Chai ဒေသက သူ့နေအိမ်မှာ ကိုက်ခံရတယ်၊ ဆေးကုတာ ဘာညာ ချက်ချင်း မလုပ်ခဲ့ဘူးလို့ ဆိုတယ်။
အကိုက်ခံရတဲ့နေရာ နာကျင်ကိုက်ခဲလာတဲ့အတွက် နောက် ၂ ရက် အကြာမှာတော့ သူ့ဆွေမျိုးတွေက သူ့ကို Denchai Crown Prince Hospital ဆိုတဲ့ ဆေးရုံကို ခေါ်သွားတယ်လို့ ဆိုတယ်။
နောက်တော့ သူ့ကို Phrae Hospital ဆိုတဲ့ ဆေးရုံကို ပြောင်းလိုက်တယ်၊ အထူးကြပ်မတ်ကုသဆောင်မှာ ရောက်နေတယ်၊ သတိတော့ မလစ်ဘူး၊ သို့သော်လည်း ကျောက်ကပ် ပုံမှန် အလုပ်မလုပ်၊ အသက်ရှူဖို့ အောက်စီဂျင်ပေးထားရတယ်လို့ ဆိုတယ်။
ဆေးရုံက ကျွမ်းကျင်သူတို့ကတော့ သူ ပင့်ကူကိုက်ခံရတာသေချာတယ်လို့ အတည်ပြုပါတယ် တဲ့။
အိမ်မှာ သူတို့ သတ်လာတဲ့ ပင့်ကူတွေကို စမ်းကြည့်တော့ အညိုရောင်တကောင်ပဲ အဆိပ်ရှိတယ်ဆိုတာကို တွေ့ရတယ်လို့ ဆိုတယ်။
အဲဒီပင့်ကူညိုက အမေရိကန်ဘက်ကလာတဲ့ မျိုးနွယ်စုဖြစ်တယ်၊ ထိုင်းကို အပျော်တမ်း မွေးဖို့ ယူဆောင်လာရာကနေ ရောက်လာပုံပါပဲ တဲ့။
ဒီပင်ကူမျိုးက အဆိပ်ရှိတယ်ဆိုသော်ငြားလည်း အမြဲတမ်း အဆိပ်ထုတ်နေတာမျိုးတော့ မဟုတ်ဘူးလို့ Dr Thanjira ဆိုသူက ပြောပါတယ်။
လူနာကတော့ အကိုက်ခံရတဲ့နေရာတ၀ိုက် နာကျင်ကိုက်ခဲလာတယ်၊ ဖူးယောင်ပြာနှမ်းလာတယ်လို့ သူက ပြောပါတယ်။
ပင့်ကူညိုကိုက်ခံရပြီး ဆေးရုံရောက်လာတာဟာ ဒါဟာ ထိုင်းမှာ ပထမဦးဆုံးဖြစ်ရပ်ပါပဲ တဲ့။
သူ့ညာဘက်ခြေထောက် ဆိုးဆိုးရွားရွား ယောင်ကိုင်းနေတယ်လို့ ဆိုတယ်။
ကုသမှုပေးရာမှာ အဲဒီခြေတဘက် ဖြတ်တောက်ဖယ်ရှားဖို့ အရေးတကြီး လိုအပ်လာဖွယ် ရှိတဲ့အတွက် ဆရာဝန်တွေက သူ့ကို ဂရုတစိုက် ကြည့်နေပါတယ်။
ဆရာဝန်တယောက်ကတော့ ... ဒီလိုပင့်ကူမျိုး ကိုက်ခံရပြီး ဆိုးဆိုးရွားရွား နာကျင်လာတယ်ဆိုရင် ဆရာဝန်ဆီကို ချက်ချင်း သွားပြသင့်တယ်လို့ အကြံပေးပါတယ်။
.

0 comments :
Post a Comment