NLD ကြေညာချက် အတု ထွက်ပေါ်

Thursday, July 3, 2014

ဇူလိုင်လ ၁ ရက်နေ့ည က မန္တလေးမှာ ဖြစ်ပွားသွားတဲ့ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ဇူလိုင်လ ၂ ရက်နေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ရာမှာ ရဲသွေး အမည်နဲ့ ဖေ့စ်ဘုတ် အကောင့် တခုကနေ စတင်ပြီး ကြေညာချက် အတုကို ပထမဆုံး စတင် တင်ခဲ့တယ်လို့ သိရပါတယ်။ 


NLD ပြန်ကြားရေး ဌာနက ဦးကြည်တိုးက သူ့ဖေစ့်ဘုတ် စာမျက်နှာမှာ အဲဒီ ကိစ္စကို အခုလို ရေးသား
aဖ်ာပြထားပါတယ်။ 


" ဖေဖေါ်ဝါရီ ၂ရက်နေ့ကဖွင့်ထားပြီး လိုက်ခ်ပေါင်း ၉၁ ဦးပဲရှိတဲ့ တမင်သိပ်မသုံးပဲထားတဲ့အကောင့်ပုန်း ကနေ အဖွဲ့ချုပ် ကြေညာချက်အတုကိုစတင်ဖြန့်ဝေတာဖြစ်ပါတယ်။ အဲဒီအကောင့်ကဒီဟာပါ။ ကြည့်တော် မူကြပါ။ ယုတ်ညံ့တဲ့လက်ရာတွေတွေ့ရပါလိမ့်မယ်။ " 

 ကြေညာချက် အစစ်နဲ့ အတု ကိုလည်း အခုလို ဖော်ပြပေး လိုက်ပါတယ်။ 



ဒီလို ကြေညာချက် အတု ပေါ် ထွက် လာခြင်းအပေါ် နောက်ကွယ်က ဘာတွေ ရှိနေလဲ ဆိုတာ သေချာ မသိနိုင်ကြောင်း ဝေဖန်မှုတွေနဲ့ စိုးရိမ်မှုတွေ လည်း ဆက်တိုက် ပေါ် ထွက်လာနေပါတယ်။ 


အိမ့်သံစဉ် ~ 

 









 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved