ဖြန့်ချိရေးကုမ္ပဏီစာရင်း Ooredoo ထုတ်ပြန်

Tuesday, July 22, 2014

 ~




 
Ooredoo  Myanmar က ဘယ်မြို့နယ်တွေမှာ ဘယ်ဖြန့်ချိရေးကုမ္ပဏီကို လုပ်ပိုင်ခွင့် ပေးထားတယ် ဆိုတဲ့အကြောင်း သတင်းထုတ်ပြန်လိုက်ပါပြီ။

  



  • ရန်ကုန်မြို့တနေရာမှာ တွေ့ရတဲ့  Ooredoo ကြော်ငြာတခု
 
ထုတ်ပြန်ချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။ 


ဇူလိုင် ၁၈ ရက်နေ့ ၂၀၁၄

ဝန်ဆောင်မှုများ စတင်မိတ်ဆက်ချိန် အတွက် ကြိုတင်ပြင်ဆင်သော အနေနှင့် ဖြန့်ချီရေး ကုမ္ပဏီများ စာရင်းကို တရားဝင် သတင်းထုတ်ပြန်


ဖြန့်ချီရေး ကုမ္ပဏီများ ခန့်အပ်ခြင်းသည် ၀န်ဆောင်မှုများ မိတ်ဆက်သော အခါ ကွန်ရက် စတင် ဖြန့်ကျက် နေရာများတွင် ဆင်းမ်ကဒ်များ၊  ငွေဖြည့်ကဒ်များ နှင့် ဖုန်းများ ရောင်းအား နှင့် ၀ယ်အားမျှစေရန် အသင့် အနေအထား တွင်ရှိ
   


ဝန်ဆောင်မှုများ နှင့် ကုန်ပစ္စည်း ကို  မြန်မာနိုင်ငံ ပြည်သူလူထုထံ သို့ အရောက် ဖြန့်ချီ ရန် ပြင်ဆင် သော အနေဖြင့် Ooredoo မြန်မာသည် အထူးသီးသန့် ၊  နယ်မြေဒေသ ကျွမ်းကျင်သူ ဖြန့်ချီရေး ကုမ္ပဏီ ၆ (ခြောက်) ခုကို ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာလိုက်သည်။ ယင်း ကုမ္ပဏီ ခြောက်ခု သည် ၄င်းတို့၏ သက်ဆိုင်ရာ နယ်မြေဒေသများ ၊  မြို့နယ်များ အတွင်း တွင် ရာနှင့်ချီသော အရောင်း ကိုယ်စားလှယ်များကို ခန့်အပ်ထားရှိပြီး ဖြစ်သည်။ ခန့်အပ်ထားရှိပြီး ဖြစ်သော အရောင်း ကိုယ်စားလှယ် များသည်လည်း Ooredoo ဆင်းမ်ကဒ်များ ၊  ငွေဖြည့်ကဒ်များ နှင့် အသုံးပြုသူ မိဘပြည်သူများ ရယူ ပိုင်ဆိုင်ချင်စဖွယ် ဈေးနှုန်း အမျိုးမျိုးရှိသော လက်ကိုင်ဖုန်း အစားစား တို့ကို ပုံမှန် လာရောက် ဖြန့်ဖြူး ထောက်ပံ့ ပို့ဆောင်ပေးသော အခွင့်အရေးများကို ရရှိကြတော့ မည်ဖြစ်ပါသည်။

Ooredoo မြန်မာ ၏ အရောင်း ဌာနဆိုင်ရာ အရာရှိချုပ် ဦးမြင့်ဇော် က Ooredoo မြန်မာ၏ ၀န်ဆောင်မှုများ နှင့် ကုန်ပစ္စည်းများ ကို လက်လီ ကိုယ်စားလှယ် အဖြစ် ရောင်းဝယ် ဖောက်ကား လိုပါက အောက်ဖေါ်ပြပါ ဖြန့်ချီရေး ကုမ္ပဏီ ၆ (ခြောက်) ခု အနက် မိမိတို့ နယ်မြေဆိုင်ရာ ကုမ္ပဏီကို ဆက်သွယ်နိုင်ပါကြောင်း တိုက်တွန်း အပ်ပါသည်။

“ထောက်ပံ့ နဲ့ ပုံဆောင်ရေး ကဏ္ဍဟာ ကျွန်တော် တို့ စီးပွါးရေး ရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ မြန်မာပြည်က တိုင်းသူပြည်သားတွေ ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ် မျိုးဆက်သစ် မိုဘိုင်း ကွန်ရက် ကို အလွယ်တကူ ရနိုင်ဖို့ အတွက် လုပ်ငန်း လည်ပတ်တဲ့ နေရာ အသီးသီးမှာ သူနေရာနဲ့သူ ထိပ်တန်းက ဦးဆောင်နေ တဲ့ ကုမ္ပဏီတွေနဲ့ အမြဲ အလုပ်လုပ်ဖို့ လက်တွဲရခြင်း ဖြစ်ပါတယ်။”

၁) Great Ayerwaddy ကုမ္ပဏီ လိမိတက် တစ်ဦးတည်းပိုင်သော ကုမ္ပဏီအခွဲ ဖြစ်သည့် Great Ayewaddy တယ်လီကွန်   ကုမ္ပဏီ လိမိတက်။

၂) Myanmar Distribution Group လိမိတက် တစ်ဦးတည်းပိုင် ကုမ္ပဏီအခွဲဖြစ်သည့် MDG မိုဘိုင်း ကုမ္ပဏီ လိမိတက်။

၃) Consumer Group Myanmar လိမိတက် တစ်ဦးတည်းပိုင်သော ကုမ္ပဏီအခွဲဖြစ်သည့် Direct Consumer လိမိတက်။

၎) Capital Diamond Star Group လိမိတက် တစ်ဦးတည်းပိုင်သော ကုမ္ပဏီအခွဲဖြစ်သည့် Capital Connect လိမိတက်။

၅) UMG ကုမ္ပဏီ လိမိတက် တစ်ဦးတည်းပိုင် ကုမ္ပဏီအခွဲဖြစ်သည့် Kiwi & I ကုမ္ပဏီ လိမိတက် ။

၆) Myanmar Golden Star ကုမ္ပဏီ လိမိတက် နှင့် MDR လိမိတက် တို့ ကုမ္ပဏီ အခွဲဖြစ်သည့် MDR Golden Myanmar     Sea ကုမ္ပဏီ လိမိတက်။



Great Ayerwaddy Telecoms  ကုမ္ပဏီ လိမိတက်

  • ရန်ကုန်တိုင်း ဒေသကြီး မှ မြို့နယ်များ:
ဒဂုံ၊  ဗဟန်း၊  မရမ်းကုန်း၊  မြောက် ဥက္ကလာပ၊  မင်္ဂလာဒုံ၊  အင်းစိန်၊  ရွေပြည်သာ၊  ထန်းတပင်၊  မှော်ဘီ နှင့် တိုက်ကြီး။

  • ကရင်၊  မွန်ပြည်နယ်များ မှ မြို့နယ်များ
ကျိုက်ထို၊  ဘီးလင်း၊  သထုံ၊  ပေါင်၊  မော်လမြိုင်၊  ဖားအံ၊ မုဒုံ၊ ကျိုက်မရော၊  ကော့ကရိတ် နှင့် မြ၀တီ။


MDG Mobile Company Limited,

  • ရန်ကုန်တိုင်း ဒေသကြီးမှ မြို့နယ်များ :

မင်္ဂလာတောင်ညွှန့်၊ တာမွေ၊ ရန်ကင်း၊  တောင်ဥက္ကလာပ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊  ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့် လှည်းကူး။.

  • ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း:

ကြို့ပင်ကောက်၊  လက်ပတန်း၊ မင်းလှ၊  နတ္တလင်း၊  အုတ်ဖို၊ ပေါက်ခေါင်း၊ ပေါင်းတည်၊ ပြည်၊  ရွှေတောင်၊ သာယာဝတီ၊ သဲကုန်း၊  ဇီးကုန်း။

Direct Consumer Limited

  • ရန်ကုန်တိုင်း ဒေသကြီးမှ မြို့နယ်များ :

ပန်းဘဲတမ်း၊ လသာ၊ လမ်းမတော်၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊  ကမာရွတ် ၊ လှိုင် ၊  လှိုင်သာယာ ၊  တွံတေး၊ ဆိတ်ကြီးခနောင်တို၊ ဒလ၊ ကော့မှူး၊  ကွမ်းခြံကုန်း။

  • ဧရာဝတီတိုင်းဒေသကြီး မှ မြို့နယ်များ:

ညောင်တုန်း၊ ပန်းတနော်၊  မအူပင်၊ ကျောင်းကုန်း၊ ကန်ကြီးထောင့်၊  ပုသိမ်၊ သာပေါင်း။



Capital Connect Limited,


  • ရန်ကုန်တိုင်း ဒေသကြီး မြို့နယ်များ:

ကျောက်တံတား၊ ဆိပ်ကမ်း၊  ဗိုလ်တထောင်၊ ပုဇွန်တောင်၊  သင်္ကန်းကျွန်း၊ ဒေါပုံ၊ သာကေတ၊ သန်လျှင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ

  • ပဲခူးတိုင်းဒေသကြီးအရှေ့ဖက်မြို့နယ်:

ပဲခူး၊  ဒိုက်ဦး၊ ဝေါ၊ က၀၊  သနပ်ပင်၊  ညောင်လေးပင်၊ ကျောက်တံခါး၊ ဖြူး၊ အုတ်တွင်း၊  တောင်ငူ၊ ရေတာရှည် 

  • နေပြည်တော် မြို့နယ်:

နေပြည်တော်၊  လယ်ဝေး၊  နေပြည်တော် ပျဉ်းမနား၊  နေပြည်တော် တပ်ကုန်း။


Kiwi & I Co. Limited


  • မန္တလေးတိုင်းဒေသကြီးမြို့နယ်များ:

 မဟာအောင်မြေ၊  ချမ်းမြေ့သာဇံ၊ ပြည်ကြီးတံခွန်၊  အမရပူရ၊ ညောင်ဦး၊  ကျောက်ပန်းတောင်း။

  • စစ်ကိုင်းတိုင်းဒေသကြီးမြို့နယ်များ;

စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ ချောင်းဦး၊ မြင်းမူ၊  ပုခုက္ကူ၊ မြိင်၊  အရာတော်၊ စလင်းကြီး၊ ၀က်လက်။

  • မကွေးတိုင်းဒေသကြီး မြို့နယ်များ:

ချောက်၊ နတ်မောက်၊ ရေနံချောင်း ပွင့်ဖြူ၊  စလင်း၊ စိတ်ဖြူ၊ ရေစကြို၊  မကွေး၊  မင်းဘူး


MDR Golden Myanmar Sea Co. Limited,


  • မန္တလေးတိုင်းဒေသကြီးမြို့နယ်များ:

အောင်မြင်သာဇံ၊  ချမ်းအေးသာဇံ၊  ပုသိမ်ကြီး၊  မတ္တရာ၊  ငါန်းဇွန်း၊ စဉ့်ကူး၊  ပြင်ဦးလွင်၊ သပိတ်ကျင်း၊ မိုးကုတ်၊ တံတားဦး၊ စဉ့်ကိုင်၊ ကျောက်ဆည်၊ မြစ်သား၊ နတိုးကြီး၊ မိတ္တီလာ၊ ၀မ်းတွင်း၊ တောင်သာ၊ မြင်းခြံ၊ သာစည်၊  မလှိုင်၊ ပျော်ဘွယ်၊ ရမည်းသင်း။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved