ကမ္ဘောဒီးယားမှာ ပျက်ကျသွားတဲ့ Z9 အမျိုးအစား ရဟတ်ယာဉ်

Tuesday, July 15, 2014

 ~



ကမ္ဘောဒီးယားမှာ တနင်္လာနေ့က ပျက်ကျသွားတဲ့ Z9 အမျိုးအစား ရဟတ်ယာဉ်က မိတ်အင်ချိုင်းနား ဖြစ်ပါတယ်။

 


မနှစ်က နှစ်ကုန်ပိုင်း အဲဒါမျိုး ၁၂ စီး ကမ္ဘောဒီးယားကို ပို့ခဲ့ကြောင်း ဆင်ဟွာသတင်းတပုဒ်မှာ ဒီဓာတ်ပုံ ၂ ပုံနဲ့တကွ ဖော်ပြထားပါတယ်။

ဒါတွေကို ကမ္ဘောဒီးယားလေတပ် လေ့ကျင့်ရေးလုပ်ငန်းတွေ၊ ရှေ့တန်းစစ်မြေပြင်တို့မှာ သုံးနိုင်တယ်။
သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ နေရာတွေမှာ လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းတွေမှာလည်း သုံးနိုင်တယ် လို့ သတင်းက ဆိုတယ်။

တရုတ်က သူတို့ကို ရောင်းပေးတုန်းက အသစ်တွေ ဆိုရင် ဒီရဟတ်ယာဉ်တို့ရဲ့ သက်တမ်းက ၇ နှစ် ရှိပြီလို့ ဆိုနိုင်ပါတယ်။

ရဟတ်ယာဉ်ပျက်လို့ ၄ ဦး သေဆုံးကြောင်း သတင်းကိုတော့ ဧရာဝတီဘလော့ http://blog.irrawaddy.org/2014/07/blog-post_1235.html မှာ စောစောက ဖော်ပြခဲ့ပါတယ်။
တချို့ သတင်းတွေမှာတော့ သေဆုံးသူ အရေအတွက်က ၅ ဦး လို့ ဆိုတယ်။

မိုးကြီးကြီးရွာထားလို့ ရဟတ်ယာဉ်ပျက်တဲ့နေရာဟာ ရေကန်ကြီးလို့ ဖြစ်နေပါတယ် တဲ့။

 


MR/AB  သတင်းတပုဒ်မှာတော့ ပျက်ကျမှုဟာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက် သို့မဟုတ် ပိုင်းလော့ရဲ့ အမှားအယွင်းကြောင့် ဖြစ်နိုင်တယ်လို့ ဆိုတယ်။

AFP  သတင်း တပုဒ်မှာတော့ ကမ္ဘောဒီးယားမှာ ၂၀၀၈ တုန်းက ရဟတ်ယာဉ်ပျက်ကျမှုတခုအတွင်း ရဲချုပ်၊  ဒုတိယ ကာချုပ် ပြီးတော့
ပိုင်းလော့ ၂ ယောက် သေဆုံးသွားတယ်လို့ ရေးထားပါတယ်။

ဒီအကြောင်းဆက်စပ်သတင်းတပုဒ်လင့်နဲ့ သတင်းဟောင်း ၂ ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်။

ဆက်စပ်သတင်း

http://blog.irrawaddy.org/2014/07/blog-post_1235.html


 ၃ စင်းမြောက် ထိုင်းစစ်တပ် ရဟတ်ယာဉ် မြန်မာနယ်စပ်တွင် ပျက်ကျ

Monday, 25 July 2011
သီတင်း တပတ်ကျော်အတွင်း ထိုင်းစစ်တပ်မှ ၃ စင်းမြောက် ရဟတ်ယာဉ် ယမန်နေ့က ထိုင်း-မြန်မာ နယ်စပ်တွင် ပျက်ကျခဲ့သည်။
ဇူလိုင်လ ၁၆ ရက်နေ့တွင် ရဟတ်ယာဉ် တစင်းပျက်ကျပြီး ၅ ဦးသေဆုံးသည်။
ယင်း သေဆုံးသူများကို သွားရောက်သယ်ယူသော ဘလက်ဟော့ခ် ရဟတ်ယာဉ်သည် ဇူလိုင်လ ၁၉ ရက်နေ့တွင် ပျက်ကျပြီး ၉ ဦး သေဆုံးခဲ့သည်။
အဆိုပါ သေဆုံးသူများကို သွားရောက်သယ်ယူသည့် ယခု ဘဲလ် ၂၁၂ ရဟတ်ယာဉ် ထပ်မံ ပျက်ကျခြင်းဖြစ်ပြီး ၃ ဦးသေဆုံးကာ ၁ ဦး အသက်ရှင်သည်။

 ရဟတ်ယာဉ်ပျက်ကျ၊ ၄ ဦးသေ

Thursday, 17 June 2010
မြန်မာ့ လေတပ်မှ ရဟတ်ယာဉ် တစီး ယမန်နေ့က ပျက်ကျခဲ့ရာ အနည်းဆုံး ၄ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ရုရှားနိုင်ငံလုပ် Mi - 1 အမျိုးအစား ရဟတ်ယာဉ်သည် ရှမ်းပြည်တောင်ပိုင်း ပင်းတယမြို့အနီးတွင် ရာသီဥတု ဆိုးရွားမှုကြောင့် ပျက်ကျ ခဲ့ရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ စစ်တပ် အရာရှိတဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

 “၄ ယောက် သေတယ်၊ ၁ ယောက် ဒဏ်ရာရတယ်၊ ဒဏ်ရာ ရတဲ့သူကို အဲဒီနားက ဆေးရုံကိုပဲ ပို့ထားတယ်” ဟု အဆိုပါ စစ်တပ် အရာရှိက ဆိုသည်။

ယင်း ရဟတ်ယာဉ် ပျက်ကျမှုကို ပြည်တွင်း သတင်း မီဒီယာများတွင် ဖော်ပြ ထားခြင်း မရှိဘဲ သေဆုံးသွား သူများမှာ မည်သူ မည်ဝါ ဖြစ်ကြောင်း ကိုလည်း မသိရှိရချေ။

သေဆုံးသူများ ထဲတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး အဆင့်ရှိသူ စစ်ဗျူဟာမှူး တဦး ပါဝင်ကြောင်း မြန်မာ ဘလော့ တခုဖြစ်သော http://www.baymyanmar.com/2010/06/mi-1.html တွင် ဖော်ပြထားသော်လည်း အဆိုပါ အကြောင်းအရာကို ဧရာဝတီ သတင်းဌာနမှ အတည်မပြုနိုင်သေးချေ။

၂၀၀၁ ခုနှစ်က ရဟတ်ယာဉ် ပျက်ကျမှုကြောင့် ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦး နှင့် တခြားသော အဆင့်မြင့် အရာရှိကြီးများ သေဆုံးခဲ့ရသော်လည်း ပျက်ကျခဲ့ရသည့် အကြောင်းအရင်းကို စစ်အစိုးရက ယနေ့ထက်ထိ ထုတ်ပြန်ခြင်း မရှိပေ။

၂၀၀၉ နှစ်ကုန်ပိုင်းတွင် ဒေါ်လာသန်း ၅၇၀ တန်ဖိုးရှိ MiG-29 တိုက်လေယာဉ် အစီး၂၀ ကို ရုရှားမှ ဝယ်ယူရန် သဘောတူ စာချုပ် ချုပ်ဆိုခဲ့သည်။
 

 

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved